Devil <Part-21>
"Ajushi ဒီထပ်နည်းနည်းလေးပိုမြန်မြန်မောင်းပေးပါ...."
သမီးလေးဇောကြောင့် လျင်မြန်စွာမောင်းနေသောကားကိုပင် နှေးသည်ဟုထင်နေမိသည်...လက်မှနာရီလေးကိုတစ်ကြည့်ကြည့်နှင့် စိတ်ထဲတွေးပူနေမိသည်..
7:00 PM
Seoulကိုရောက်ဖို့ နောက်ထပ်2နာရီလောက်ထပ်မောင်းရဦးမည်....
ကားကူရှင်ကိုသာကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း စိတ်ကိုအသာထိန်းထားလိုက်သည်..×××××
သူ၏ဖုန်းပြောသံတို့ကြောင့်လား မသိ....sooလေး တအိအိနှင့်နိုးလာသည်...
"Sooလေး နိုးပြီလား..."
ကလေး၏ခေါင်းကိုညင်သာစွာ ပွတ်လိုက်ရင်း ကြင်နာသောအပြုံးတစ်ခုကိုချိတ်ဆွဲလျက် Chanyeolမေးလိုက်သည်.."Nae.....ommaရော..."
အိပ်ရာမှနိုးနိုးလာချင်း ommaကိုမတွေ့ရတော့ sooလေးမျက်ရည်ဝဲလာသည်..."Ommaလာနေပြီ....အလုပ်ကနောက်ကျသွားလို့တဲ့...sooလေးရဲ့..."
Chanyeol ချော့သော်လည်း sooလေး၏မျက်နှာမှာပြိုတော့မည့်မိုးလို...Chanyeol ခေါင်းကိုသာခပ်ပြင်းပြင်းကုတ်လိုက်သည်....sooလေးငိုမှာသူအင်မတန်ကြောက်ပါသည်...
"Ajushi....ommaကိုခေါ်ပေး..."
Sooလေးငိုပါတော့သည်....
Chanyeolကပျာကယာနှင့် ကောက်ပွေ့လိုက်ပြီး ကျောလေးကိုပုတ်ကာချော့သည်...sooရဲ့မျက်ဝန်းထဲမှာကြောက်ရွံမှုအပြည့်....."Ajushiက လူဆိုးမလား....sooလေးကိုရောင်းစားမလို့မလား....Ajushiကလူဆိုးကြီးနေမှာ...လူဆိုးကြီး..."
လူဆိုးကြီး? သမီးလေးသူ့ကို လူဆိုးကြီးလို့ခေါ်တာ Chanyeolစိတ်ထဲတွင်အလွန်ခံရခက်သည်....
"Sooလေး...ajushiက sooလေးရဲ့appa...လူဆိုးကြီးမဟုတ်ဘူးလေ...Appaလို့ခေါ်...Appa..."
ကလေးကို ပြောပြမှဖြစ်တော့မည်..
Sooလေးရုတ်တရက်အငိုရပ်သွားပြီး သူ့ကို တစ်ချက်ကြည့်လိုက်သည်...ပြီးတော့ချက်ချင်းထငိုပြန်သည်...
"Ajushiက appaမဟုတ်ဘူး...Appaက မျက်မှန်တပ်တယ်..."

YOU ARE READING
Devil
RandomTeaser ရှင်ခံစားဖူးလား... ခိုကိုးရာမဲ့ပြီးမျှော်လင့်ချက်မဲ့တဲ့ခံစားချက်ကို ရှင်ခံစားဖူးလား... စူးစူးနစ်နစ်ချစ်ရသူရဲ့လျစ်လျူရှုမှုကို ရှင်ခံစားဖူးလား... ကိုယ့်သွေးသားအရင်းအခြာကိုအကြိမ်ကြိမ်စွန့်လွှတ်ခဲ့ရတဲ့ ခံစားချက်ကို ကျွန်မခံစား...