Devil< Part-26>
အပေါ်စီးမြင်နေရတဲ့ seoul မြို့ရဲ့ ညအလှက ရင်သပ်ရှုမောဖွယ်ကောင်းလှသည်......စနစ်တကျမောင်းနှင်နေကျသော ကားလေးများကို သူမငေးကြည့်ရင်းအသက်ကိုခပ်ပြင်းပြင်းတစ်ချက်ရှူ ရှိုက်လိုက်သည်.....
Liyoonဆီကိုတစ်ယောက်တည်းသွားတာ အန္တရာယ်များမှန်းသိပေမယ့်သူမကြောင့် ထိခိုက်ရတဲ့သူတွေများနေပြီ....သူမအတတ်နိုင်ဆုံး ကာကွယ်ရမည်လေ....liyoonရဲ့ next targetက sooလေးဆိုရင်မခက်ပေဘူးလား...
Liyoonဆီကကောင်းကောင်းမွန်မွန်ပြန်လာနိုင်ဖို့က သိပ်မဖြစ်နိုင်တာကိုသူမကောင်းကောင်းကြီးနားလည်ပါသည်.... ဒါပေမယ့်sooလေးကို တော့သူမလုံးဝအထိခိုက်မခံနိုင်....ခပ်လေးလေးသက်ပြင်းတစ်ချက်ကို နောက်ဆုံးတစ်ကြိမ်ချလိုက်ပြီး မတ်တပ်ရပ်လိုက်သည်......
Liyoonရဲ့" Park Chanyeolမသိစေနဲ့"ဟူသောစကားကြောင့် Chanyeolရုံးမှပြန်မလာခင် သူမသွားမှဖြစ်မည်....သူ့ရဲ့မျက်နှာလေးကိုတစ်ခါလောက်လေးတွေ့ချင်မိသေးပေမယ့်ပေါ့....
ကုတ်အင်္ကျီအစိမ်းပုတ်ရောင်ကို ထပ်ဝတ်လိုက်ပြီး အိမ်ရှေ့ခန်းထဲသို့ထွက်လာလိုက်သည်.....
"Arjima.....ဘယ်သွားမလို့လဲ..."
ရုတ်တရက်မီးဖိုချောင်ထဲမှထွက်လာသော ခပ်သေးသေးအသံကြောင့် သူမလန့်သွားသည်...."Jongလေး..အိပ်နေတာမဟုတ်ဘူးလား...sooလေးရော"သူမ ပုံမှန်အတိုင်းပြုမူရန်ကြိုးစားလိုက်သည်.....
"ကျွန်တော် ရေဆာလို့ထသောက်တာ....ဟိုအိပ်ပုတ်မလေးကတော့အိပ်နေတယ်....."
ကလေးသာသာ ရှိပေမယ့် ကိုယ့်ကိုကိုယ် "ကျွန်တော်"ဟုသုံးနှုန်းလိုက်သော jongလေးကို ကြည့်ရင်း
"ဒီကလေးကတော့ သူမကို ချေနေပြန်ပြီလေ....."ဟုတွေးကာသူမပြုံးလိုက်သည်...."Jongလေးarjimaနားခဏလောက်လာပါဦး..."
ခါတိုင်းဆိုလျှင် ဒီအဒေါ်ကြီးစကားနားမထောင်တတ်ပေမယ့် ဒီနေ့တော့ထူးထူးဆန်းဆန်း Jongလေးခြေထောက်တွေက arjimaစီသို့ ဦးတည်ပြီးသားဖြစ်နေသည်

YOU ARE READING
Devil
RandomTeaser ရှင်ခံစားဖူးလား... ခိုကိုးရာမဲ့ပြီးမျှော်လင့်ချက်မဲ့တဲ့ခံစားချက်ကို ရှင်ခံစားဖူးလား... စူးစူးနစ်နစ်ချစ်ရသူရဲ့လျစ်လျူရှုမှုကို ရှင်ခံစားဖူးလား... ကိုယ့်သွေးသားအရင်းအခြာကိုအကြိမ်ကြိမ်စွန့်လွှတ်ခဲ့ရတဲ့ ခံစားချက်ကို ကျွန်မခံစား...