Devil <Part -19>
Baekခေါင်းကိုငုံ့ထားကာမြေကြီးကိုသာစိုက်ကြည့်နေလိုက်သည်...မျက်နှာကို မမြင်ရအောင် ဆံပင်နှင့်ဖုံးထားလျက်..
အနီရောင် pencil heel တစ်စုံ baekမြင်ကွင်းရှေ့တွင်ရပ်တန့်သွားသည်..
"ဖြန်း...."
လက်နှင့်ပါးပြင်တို့၏ထိရိုက်သံကတိတ်ဆိတ်နေသောပတ်ဝန်းကျင်တွင် ကျယ်လောင်စွာပေါ်ထွက်လာသည်...စပ်ဖြင်းဖြင်းရိုက်ချက်တစ်ခုကိုbaekအံတုရင်း မျက်နှာမမြင်စေရန်ခေါင်းကိုဆက်ငုံ့ထားသည်....
သူမမျက်နှာမပြရဲဘူး...ဘယ်လိုလုပ်ပြရဲမလဲ...ညီမလေးကသူမဆိုတာသိသွားလို့မဖြစ်.."အရှက်မရှိတဲ့မိန်းမ....အိမ်ထိအောင်မျက်နှာပြောင်လာတိုက်တယ်ပေါ့လေ..."liyonရဲ့ ခပ်စွာစွာအော်သံက baekနားထဲသို့ ခံပြင်းရခက်စွာဝင်ရောက်လာသည်...
liyoonကသူမ၏ဒေါက်ဖိနပ်အချွန်နှင့် baek၏ကြိုးသိုင်းဖိနပ်စီးထားသောခြေထောက်နုနုလေးကိုဖိနင်းလိုက်သည်..."နင်တို့လိုအရှက်မရှိတဲ့မိန်းမတွေက ပိုက်ဆံအတွက်ဆိုဘာမဆိုလုပ်နိုင်ကြတာပဲ..."
သေချာတာပေါ့..ဒါသူမညီမလေးအသံဆိုတာ.လုံးဝသေချာတယ်..ဒီကလေးကိုငယ်ငယ်ကတည်းကသူမထိန်းလာတာ..ကောင်းကောင်းမှတ်မိတာပေါ့..ပြောရက်လိုက်တာ...ညီမလေးရယ်...
Baek၏မျက်ဝန်းမှမျက်ရည်လေးတစ်စက် မြေပြင်ပေါ်သို့ပေါက်ခနဲစီးကျသွားသည်...
Baekရဲ့နှုတ်ဆိတ်နေမှုက liyoonရဲ့ ဒေါသကိုဆွပေးနေသလို...
liyoonသူမ၏အနီရောင်လက်သည်းရှည်များရှိသောလက်ချောင်းများဖြင့် baek၏ဆံပင်တို့ကိုဆောင့်ဆွဲလိုက်သည်..."အရှက်မရှိတဲ့မိန်းမ...ငါကိုစကားပြန်ပြောလေ..ဟမ်...ပြန်ပြောလေ...ငါ့ယောကျာ်းကိုလာဖြားယောင်းတဲ့မိန်းမ..."
"တော်တော့..."
ဘေးနားမှာရပ်နေသောpark chanyeol liyoonကိုဆွဲလိုက်သည်.....baek၏ဆံပင်တို့ကိုအတင်းဆွဲထားတာကိုလွတ်သွားအောင် liyoonလက်ကိုလိမ်လိုက်သည်...
![](https://img.wattpad.com/cover/123457214-288-k41722.jpg)
YOU ARE READING
Devil
De TodoTeaser ရှင်ခံစားဖူးလား... ခိုကိုးရာမဲ့ပြီးမျှော်လင့်ချက်မဲ့တဲ့ခံစားချက်ကို ရှင်ခံစားဖူးလား... စူးစူးနစ်နစ်ချစ်ရသူရဲ့လျစ်လျူရှုမှုကို ရှင်ခံစားဖူးလား... ကိုယ့်သွေးသားအရင်းအခြာကိုအကြိမ်ကြိမ်စွန့်လွှတ်ခဲ့ရတဲ့ ခံစားချက်ကို ကျွန်မခံစား...