Love is

3.5K 306 67
                                    

Devil <Part-34>

"ချစ်​တယ်​​ဆိုတာဘာလဲဟင်​...."

"ချစ်​တယ်​ဆိုတာ သူ့ရဲ့အားနည်းချက်​​လေး​တွေကအစ မြတ်​နိုးတတ်​တာမျိုး..."

"ချစ်​တယ်​ဆိုတာ သူ့မျက်​နှာ​ပေါ်က အပြုံး​လေးဖြစ်​တည်​ဖို့ ဘာမဆို​ပေးဆပ်​ရဲတာမျိုး..."

×××××××

ကျွန်​မ ဖတ်​လက်​စစာအုပ်​​လေးကို ဆိုဖာ​ပေါ်သို့အသာအယာ ချလိုက်​သည်

မိုးဖွဲဖွဲ​အောက်​က seoul မြို့ကြီးက တစ်​မျိုးလှ​နေပြန်​​ရော....

ကျွန်​မ ဗိုက်​ကချုပ်​ရိုးကအ​တော်​သက်​သာစပြုလာ​ပေမယ့်​ အိမ်​ပြင်​မထွက်​ခိုင်းတဲ့ Park Chanyeol​ကြောင့်​ အခန်းထဲမှာ​ခြေချုပ်​မိ​နေသည်

// sehunတို့လင်​မယားနှစ်​​ယောက်ကလည်း အလုပ်​ရှုပ်​​နေကြတယ်​​လေ...//

//Wait...sehunတို့လင်​မယားနှစ်​​ယောက်​လို့ကျွန်​မသုံးနှုန်းလိုက်​တာလား...//

//ဟုတ်​ပါတယ်....သူတို့နှစ်​​ယောက်​က ​နောက်​လကျရင်​မင်္ဂလာ​ဆောင်​ကြ​တော့မှာ​လေ......//

//ဒါဆိုကျွန်​မနဲ့ Park Chanyeolက​ရော?//

လက်​​တော့ပ်​တစ်​​တောက်​​တောက်​နဲ့ အလုပ်​ရှုပ်​​နေတဲ့ အခန်းအပြင်​ဘက်​ကသူ့ကို ကျွန်​မ တစ်​ချက်​လှမ်းကြည့်​မိတယ်

မျက်​​မှောင်​ကျုံ့ပြီး အလုပ်​မှာအာရုံစိုက်​​နေတဲ့သူ့ပုံစံက တစ်​မျိုး ဆွဲ​ဆောင်​မှုရှိ​နေပြန်​​ရော

//ကျွန်​မကိုယ်​ကျွန်​မလည်း အံ့သြမိတယ်​...ဒီ​လောက်​ရက်​စက်​ခဲ့တဲ့သူ့ကို ကျွန်​မဘာလို့ ဒီ​လောက်​လွယ်​လွယ်​နဲ့ခွင့်​လွှတ်​​ပေးနိုင်​​နေရတာလဲ...//

//သူဖျက်​ချခိုင်းခဲ့တဲ့ လူဖြစ်​ခွင့်​မရခဲ့တဲ့ ကျွန်​မရဲ့က​လေး​လေးနှစ်​​ယောက်​ကိုမှ မ​ထောက်​.....ကျွန်​မရူးမိုက်​လိုက်​တာ​နော်​.....//

//သူ့ကိုကျွန်​မ စိတ်​ပျက်​တယ်​​....

ဟုတ်​တယ်​....

ဒါ​ပေမယ့်​ သူ့ကိုအရူးတစ်​​ယောက်​လိုချစ်​မိ​နေတဲ့ ကျွန်​မကိုယ်​ကျွန်​မ ပိုစိတ်​ပျက်​တယ်​....//

DevilWhere stories live. Discover now