Devil <Part-16>
"မင်းကအသစ်လာတဲ့တစ်ယောက်လား..."
chanyeol စိတ်လှုပ်ရှားနေသည့်သူမကိုကြည့်ရင်းမေးလိုက်သည်..."ဟုတ်ကဲ့..."
ကြောက်လွန်းလို့တုန်နေသော baekhyun တုန်ယင်စွာနှင့်ဖြေလိုက်သည်...Park Chanyeolအလိုမကျစွာမျက်မှောင်ကျုံ့လိုက်ရင်း
"Mina noonaကဘာလို့ အူတူတူအသစ်ကိုလွှတ်လိုက်တာလဲကွာ.....
မင်းကိုယ့်ကို ကိုကောင်းကောင်းနှိပ်ပေးနိုင်မှာလား..."Chenyeolစကားကbaek၏ဒေါသကိုဆွလိုက်သလို...
"ရှင်ကျွန်မရဲ့အရည်အချင်းကိုမစော်ကားပါနဲ့...
ကျွန်မတို့က အကုန်လုံး သေသေချာချာလေ့ကျင့်ထားတာပါ...."ဒီကောင်မလေးဒီလောက်ဒေါသကြီးလိမ့်မယ်လို့ chanyeolမထင်ထား...
သူ့ကိုတောင်ဒီလိုလေသံနဲ့ပြန်ပြောရဲတဲ့ သူဆိုတာ လက်ချိုးရေလို့ရအောင်ကိုနည်းသည်...Baek မျက်နှာလေးနီကာ ဒေါသထွက်နေသည့်ပုံလေးက chanyeol၏အာရုံကိုအောင်မြင်စွာဖမ်းစားနိုင်ခဲ့သည်...
"ကောင်းပြီလေ...
အဲ့တာဆိုမင်းနှိပ်ကြည့်...
မင်းရဲ့အရည်အချင်းဘယ်လောက်ရှိသလဲစမ်းသပ်ရအောင်..
မင်းပြောသလိုကောင်းရဲ့လားဆိုတာ.."
Chanyeol ခုံပေါ်သို့မှောက်အိပ်လိုက်သည်...
ကျောကုန်းပေါ်သို့ရောက်လာမည့်baekhyun၏လက်အထိအတွေ့ကို ခံစားရန်အသင့်သူမ၏နူးနူးညံ့ညံ့လက်သေးသေးလေးတွေက အကြောတွေကိုတော့ အချက်ကျကျထိအောင်နှိပ်နိုင်သည်...
chanyeolကို စိတ်တိုင်းကျ serviceပေးနိုင်လောက်အောင် သွယ်လျတဲ့လက်ချောင်းလေးတွေကအားအတော်အတန်စိုက်ထုတ်နိုင်သည်....Chanyeolမျက်လုံးထဲတွင် baekhyunအခန်းပေါက်ဝမှာရပ်နေပြီးနှုတ်ခမ်းလေးကိုကိုက်ထားသည့်ပုံလေးကိုသာမြင်ယောင်နေသည်...
အခုအချိန်ဆို သူမနှုတ်ခမ်းလေးက နီထွေးနေမှာအသေအချာပင်...
chanyeolလှည့်မကြည့်ဘဲ တထစ်ချတွေးလိုက်သည်..
သူမရဲ့ ပေါင်တံလေးတွေကလည်း လက်သေးသေးလေးတွေလို သွယ်လျနေမှာပဲ..

YOU ARE READING
Devil
RandomTeaser ရှင်ခံစားဖူးလား... ခိုကိုးရာမဲ့ပြီးမျှော်လင့်ချက်မဲ့တဲ့ခံစားချက်ကို ရှင်ခံစားဖူးလား... စူးစူးနစ်နစ်ချစ်ရသူရဲ့လျစ်လျူရှုမှုကို ရှင်ခံစားဖူးလား... ကိုယ့်သွေးသားအရင်းအခြာကိုအကြိမ်ကြိမ်စွန့်လွှတ်ခဲ့ရတဲ့ ခံစားချက်ကို ကျွန်မခံစား...