Devil <Part-6>
chanyeol တံခါးလက်ကိုင်ဘုကိုကိုင်လိုက်ချိန်မှာပဲ..baekနောက်တကြိမ် chanyeolရဲ့ကျောပြင်ကို ထပ်မံထွေးဖက်လိုက်သည်...
Baekသူမကိုယ်သူမအခွင့်အရေးတခုတော့ပေးသင့်တယ်မလား..
chanyeolနဲ့လက်ထပ်မဲ့မိန်းကလေးကbaekရဲ့ညီမလေးဆိုတဲ့အဖြစ်မှန်ကို baekအခုထိလက်မခံနိုင်သေး....
baekမှာchanyeolကိုရယူဖို့အခွင့်အရေးတော့ရှိသေးတယ်မလား.......baekဒီအခွင့်အရေးကိုလက်လွှတ်ခံလို့မဖြစ်ဘူး...
Chanyeolစိတ်မရှည်စွာဖြင့်သူ၏ခါးတဝိုက်တွင်ရစ်ပတ်ထားသောလက်အစုံကို ဖြုတ်ချလိုက်သည်.....
တည်ကြည်ခံ့ညားလှတဲ့မျက်နှာပေါ်မှာ အလိုမကျမှုတို့အထင်းသားပေါ်နေသည်.."ကိုယ့်ကိုလွှတ်စမ်း..."
"Yeol ya...မသွားပါနဲ့..baekကိုထားမသွားပါနဲ့...baekတောင်းပန်ပါတယ်...."
baek သူ့အတွက်နောက်ဆုံးအရှက်ကိုခဝါချပြီး တောင်းပန်လိုက်သည်...
Baekသူ့ဘေးနားမှာနေလာတာငါးနှစ်ရှိပြီ...
chanyeolရဲ့စိတ်နဲ့ chanyeolကိုဘယ်လိုဖျောင့်ဖျရမလဲဆိုတာbaekရင်းနှီးနေပါပြီ...
Baekမျှော်လင့်ထားသည့်အတိုင်းပင်..chanyeolရဲ့လေသံနည်းနည်းပျော့သွားပြီး...အသက်ရှူသံတို့ပြန်လည်တည်ငြိမ်လာသည်...
Baek၏မျက်နှာလေးတွင်ဒီရက်ပိုင်းအတွင်း ပထမဆုံးအပြုံးလေးဖြစ်ထွန်းလျက် တွေးလိုက်သည်..."သူမအောင်မြင်သွားပြီ..."
Chanyeol ဖြည်းဖြည်းချင်းbaekဘက်ကိုလှည့်လာသည်...
baekထင်ထားသလိုအချစ်တွေပြည့်နှက်နေတဲ့မျက်ဝန်းတစုံအစား..ဒေါသရိပ်တွေပြည့်နှက်နေတဲ့မျက်ဝန်းတစ်စုံကိုတွေ့လိုက်ရသည်...
"မင်းကအဲ့လောက်တောင်အောက်တန်းကျတဲ့မိန်းကလေးလား.."
Baekမျက်လုံးတွေအလွန်အံ့သြသောအရိပ်အရောင်များဖြတ်ပြေးသွားသည်...သူပြောရက်လိုက်တာ..
"Chanyeol...အဲ့လိုမဟုတ်ဘူး...baekရဲ့အရှက် နဲ့သိက္ခာကိုမစော်ကားပါနဲ့.....baekဒီလိုလုပ်တယ်ဆိုတာ..ရှင့်ကို ချစ်......"
baekစကားပြောလို့မဆုံးခင်မှာပင် chanyeolရက်စက်စွာဖြတ်ပြောလိုက်သည်...
YOU ARE READING
Devil
DiversosTeaser ရှင်ခံစားဖူးလား... ခိုကိုးရာမဲ့ပြီးမျှော်လင့်ချက်မဲ့တဲ့ခံစားချက်ကို ရှင်ခံစားဖူးလား... စူးစူးနစ်နစ်ချစ်ရသူရဲ့လျစ်လျူရှုမှုကို ရှင်ခံစားဖူးလား... ကိုယ့်သွေးသားအရင်းအခြာကိုအကြိမ်ကြိမ်စွန့်လွှတ်ခဲ့ရတဲ့ ခံစားချက်ကို ကျွန်မခံစား...
