Devil <Part-31>
မျက်နှာဆီသို့တိုက်ခတ်လာတဲ့ လေခပ်အေးအေးကြောင့်ကျွန်မ နိုးလာသည်....
ဘေးက Park Chanyeol ကတော့ ကျွန်မလက်ကို ခပ်တင်းတင်းဆုပ်ကိုင်ပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလေရဲ့...
အချိန်က ည1:45PM
ကျွန်မသတိမေ့နေတုန်းက
park chanyeol ရေစိုကြီးနဲ့ တစ်ညလုံး ကုတင်ဘေးမှာထိုင်နေခဲ့တယ်လို့ sehunပြောတော့ ကျွန်မ အနည်းငယ်အံ့သြသွားသည်...ကျွန်မသိတဲ့ Park Chanyeolဆိုတာ သူ့ကိုသူပဲချစ်တတ်တဲ့ အတ္တကြီးတဲ့လူတစ်ယောက်မဟုတ်ဘူးလား....
အခန်းထဲမှာအတော်မှောင်နေပေမယ့် ပြတင်းပေါက်ကဝင်လာတဲ့ လရောင်ကြောင့် သူ့မျက်နှာဝိုင်းဝိုင်းနှားရွက်ကားကားကို ကျွန်မထင်ထင်ရှားရှားကိုမြင်နေရသည်..
"အင်း ဒီလိုကြည့်တော့လည်း ဒေါသကြီးတဲ့park chanyeolနဲ့တခြားစီ...
ကလေးရုပ်လေး...."ဖြစ်ပျက်နေသမျှအကုန်လုံးကိုမေ့ထားလိုက်ပြီး ဒီလိုလေးပဲ တစ်သက်လုံးထိုင်ကြည့်ချင်မိတယ်ဆိုတဲ့အတွေး က
ကျွန်မရင်ထဲသို့ ခွင့်ပြုချက်မပါဘဲဝင်ရောက်လာသည်ဦးနှောက်မှ nervesကြောတွေ အမိန့်ပေးခြင်းမရှိဘဲ နှစ်ခြိုက်စွာအိပ်မောကျနေတဲ့ သူ့မျက်နှာစီသို့ ကျွန်မလက်တို့က
တဖြည်းဖြည်းချဉ်းကပ်သွားသည်...မထူမစိပ် မျက်ခုံးမွေး ခပ်နက်နက်တို့ကို လက်ညိုးထိပ်နှင့် မဝံ့မရဲစွာ အသာအယာထိတွေ့လိုက်သည်....
ဖွင့်ထားသော ပြတင်းပေါက်ဆီမှ တိုက်လာသော လေအေးစိမ့်စိမ့်တစ်ချက်ကြောင့် ကျွန်မ လက်တို့ကိုပြန်ရုတ်လိုက်သည်
သူအေးနေတော့မှာပဲ...ဆိုတဲ့အသိတစ်ခုနဲ့တင် ကျွန်မကုတင်ပေါ်ကဆင်းပြီးသား
ပြတင်းပေါက်ကိုခပ်သုတ်သုတ်ပိတ်လိုက်ပြီး သူ့ကိုယ်ပေါ်သို့် စောင်ခပ်ပါးပါးတစ်ထည်ကိုထပ်ခြုံပေးလိုက်သည်.....

YOU ARE READING
Devil
AléatoireTeaser ရှင်ခံစားဖူးလား... ခိုကိုးရာမဲ့ပြီးမျှော်လင့်ချက်မဲ့တဲ့ခံစားချက်ကို ရှင်ခံစားဖူးလား... စူးစူးနစ်နစ်ချစ်ရသူရဲ့လျစ်လျူရှုမှုကို ရှင်ခံစားဖူးလား... ကိုယ့်သွေးသားအရင်းအခြာကိုအကြိမ်ကြိမ်စွန့်လွှတ်ခဲ့ရတဲ့ ခံစားချက်ကို ကျွန်မခံစား...