Devil <Part-12>
"လာပြီလား sehun na..."
Baekhyunအပြုံးလေးနှင့်ကြိုဆိုလိုက်သည်...ထို sehunဆိုသည့်လူက ဒီအိမ်ကို အင်မတန်မှရင်းနှီးကျွမ်းဝင်ရှိသလိုပင်...
ကိုယ့်အိမ်ကိုယ့်ရာလို လွတ်လွတ်လပ်လပ်ဝင်လာသည်ကို chanyeolသတိထားမိလိုက်သည်..."ခုနက လူမိုက်တွေလာသွားသေးတယ်ဆို..ရဲကိုတိုင်လိုက်သေးလား...baek...
သမီးလေးရောအရမ်းလန့်သွားသေးလား..
ဘာဖြစ်သွားကြသေးလဲ..."
sooလေးကိုပွေ့ထားသော sehunစိုးရိမ်တကြီးနဲ့မေးလိုက်သည်..."ဖြေးဖြေးမေးပါ sehunရယ်...
baekဘယ်ကစဖြေရမှန်းတောင် မသိတော့ဘူးရယ်"
baek သူ့ရဲ့မျက်လုံးမှေးမှေးလေးမှိတ်သွားအောင်ရယ်လိုက်ရင်း sehunပုခုံးကိုလှမ်းပုတ်လိုက်သည်...chanyeolရင်ထဲဆစ်ခနဲ...သူမအပြုံးလေးကလှလိုက်တာ...
"ရဲမတိုင်လိုက်ပါဘူး...
baekသူတို့ကိုဆော်ထည့်လိုက်တာ ထွက်ပြေးသွားကြပြီ...""ရဲတိုင်လိုက်ရမှာ...
ကိုယ်မရှိတုန်း စိတ်ပူအောင်မလုပ်ပါနဲ့...baekရယ်...
သမီးလေးရောလန့်သွားလား.."
sehun သူ့လက်ထဲမှsooလေးကိုကြင်နာစွာမေးလိုက်သည်....Oh shit..အခုအကောင်းအတိုင်းမြင်နေရတာကို...ဘာတွေအဲ့လောက်တောင်စိတ်ပူပေးနေရတာလဲ...
chanyeol စိတ်ထဲတွင်မကျေမနပ်တွေးလိုက်သည်..."Appa...
ပူစီဖောင်းဘူးလေး ပြုတ်ကျသွားပြီ...အသစ်ဝယ်ပေး...."
sooလေးငိုမဲ့ငိုမဲ့နှင့်ပြောသည်..."ဝယ်ပေးရမှာပေါ့..
လာ အခုသွားဝယ်မယ်..
baekကိုယ်ခဏသွားဝယ်ပေးလိုက်ဦးမယ်နော်..."
sehun baekကို တစ်ချက်ပြော လိုက်ပြီး sooလေးနှင့်အပြင်ထွက်သွားသည်...."ဖြေးဖြေးသွားနော်..."
baekပြုံးရင်း အိမ်ရှေ့မှ sehunကို လှမ်းနှုတ်ဆက်လိုက်သည်...တောက်စ်... baekhyun မင်းဘာလို့အဲ့လောက်တောင်ပြုံးနေရတာလဲ...chanyeol မျက်မှောင်ကြုံ့ကာတွေးလိုက်သည်...

YOU ARE READING
Devil
RandomTeaser ရှင်ခံစားဖူးလား... ခိုကိုးရာမဲ့ပြီးမျှော်လင့်ချက်မဲ့တဲ့ခံစားချက်ကို ရှင်ခံစားဖူးလား... စူးစူးနစ်နစ်ချစ်ရသူရဲ့လျစ်လျူရှုမှုကို ရှင်ခံစားဖူးလား... ကိုယ့်သွေးသားအရင်းအခြာကိုအကြိမ်ကြိမ်စွန့်လွှတ်ခဲ့ရတဲ့ ခံစားချက်ကို ကျွန်မခံစား...