Devil <Part-29>
"ဟဲ့...မျက်ပြူးလေး cheeryသီးစားမယ်...လာ!"
Jongလေး သူ့အားကျောပေးကာကုပ်ကုပ်လေးထိုင်နေသော sooလေးကိုခေါ်လိုက်သည်....
ကြက်တောင်စီးသေးသေးလေးနှစ်ဖက်က လေအဝှေ့တွင်ခပ်လှုပ်လှုပ်
ဂါဝန်စသေးသေးလေးက အနီရောင် အကွက်ကျားဖျာလေးပေါ်တွင် တစ်စွန်းတစပုံကျနေသည်.....
"Yah...မျက်ပြူးမ cherry သီးစားရအောင်လို့...."
သူ့အားလှည့်မကြည့်သော ကလေးမလေးကို
Jongလေး စိတ်မရှည်စွာ ဒုတိယအကြိမ် အသံခပ်မြင့်မြင့်နှင့်အော်ခေါ်လိုက်သည်...
အခု အဘွားအိမ်ရဲ့ ခြံကြီးတစ်နေရာရှိ သစ်ပင်အကြီးကြီးအောက်တွင် ဖျာလေးခင်းကာ jongလေးနှင့် sooလေးတို့ နှစ်ယောက်တည်းထိုင်နေကြခြင်း.....
ဘွားဘွားကြီးကတော့ သူ့ငယ်သူငယ်ချင်း နိုင်ငံခြားကပြန်လာလို့ ထွက်သွားသည်
မသွားခင် sooလေးနဲ့ရန်မဖြစ်နဲ့ လို့ jongလေးကိုမှာသွားတယ်လေ....
အခု ဒီမျက်ပြူးမက jongလေးခေါ်တာကိုမသိချင်ယောင်ဆောင်နေပြန်ပြီ.....
ဘွားဘွားကြီးစကားကို နားထောင်ချင်ပေမယ့် ရန်ဖြစ်ရဦးမှာ....
Jongလေး နှူတ်ခမ်းဆူကာ ခါးထောက်ရင်း သူ့အားကျောပေးကာ ငြိမ်သက်နေသော sooလေးထံသို့ စိတ်ဆိုးစွာသွားလိုက်သည်....
"Yah....Park Kyung soo....ငါခေါ်..."
အားရပါးရရန်တွေ့ရန် ခေါ်လိုက်ပေမယ့် တစ်သိမ့်သိမ့်တုန်နေသော ခန္ဓာကိုယ်လေးကြောင့် jongလေး စကားတို့လေထဧတွင်ရပ်တန့်သွားသည်.....
"ဟဲ့...မျက်ြပူးမ... နင်ငိုနေတာလား!!!"
"ဟာ..!!!...ဘာလို့ငိုနေတာလဲ....!!"
Jongလေး၏အလန့်တကြားအော်ဟစ်မေးမြန်းလိုက်သံအဆုံးတွင် ဒူးခေါင်းပေါ်မျက်နှာအပ်ထားသော sooလေးက
ရှုံ့တွကာ နှာချေးလေးတွေပေပွနေသော မျက်နှာလေး နှင့်မော့ကြည့်လာသည်....
"ဟဲ့....ငါနင့်ကိုဘာမှမလုပ်ဘူးနော်!!"
"Ya...ဘာလို့ငိုနေတာလဲ!!"
YOU ARE READING
Devil
RandomTeaser ရှင်ခံစားဖူးလား... ခိုကိုးရာမဲ့ပြီးမျှော်လင့်ချက်မဲ့တဲ့ခံစားချက်ကို ရှင်ခံစားဖူးလား... စူးစူးနစ်နစ်ချစ်ရသူရဲ့လျစ်လျူရှုမှုကို ရှင်ခံစားဖူးလား... ကိုယ့်သွေးသားအရင်းအခြာကိုအကြိမ်ကြိမ်စွန့်လွှတ်ခဲ့ရတဲ့ ခံစားချက်ကို ကျွန်မခံစား...
