Devil <part-5>
"ကျနော်က ohsehunလေ...baekရဲ့..မမှတ်မိတော့ဘူးလား....အထက်တန်းကျောင်းတုန်းကbaekကအဆင့်2ရတာလေ..ကျနော်ကအဆင့်3ရတာလေ..."
ထိုကောင်လေးကအလွန်ပျော်ရွှင်နေသည့်ပုံနှင့်ပြောလိုက်သည်...
ထိုသူကbaekhyunအကြောင်းကို သေသေချာချာမှတ်မိလွန်းနေသည်...
Baekသေသေချာချာစဉ်းစားကြည့်မှသတိရသွားသည်....
အထက်တန်းတုန်းကသူငယ်ချင်းပဲ...
.ဒါပေမယ့် ဒီလိုရှက်စရာကောင်းလိုက်တဲ့ပုံစံမျိုးနဲ့ ငယ်သူငယ်ချင်းကိုပြန်တွေ့ရတာတော့ baekမျက်နှာပူမိသည်....
သူမဖြေးဖြေးချင်းမတ်တပ်ရပ်လိုက်ပြီး မြေကြီးပေါ်မှပစ္စည်းတွေကိုကောက်နေသည်...
"Baek...နေမကောင်းဘူးလား..."
sehun ဂရုစိုက်စွာနဲ့baekရဲ့လက်မောင်းကိုကိုင်ကာထူပေးလိုက်ပြီး....ပစ္စည်းများကိုကူကောက်ပေးလိုက်သည်...
Baek ခေါင်းကိုဖြေးဖြေးလေးငြိမ့်လိုက်ပြီး..သူမခန္ဓာကိုယ်ကိုဖုန်ခါလိုက်သည်...
" ကျေးဇူးတင်ပါတယ်....sehun shi"အသံသေးသေးလေးဖြင့်baekတုန့်ပြန်လိုက်သည်...
" ကျေးဇူးတင်စရာမလိုပါဘူး..baekရယ်...
အဆင်ပြေရဲ့လား baekကြည့်ရတာ နေမကောင်းဖြစ်နေတဲ့ပုံပဲ....ကျနော်ဆေးခန်းလိုက်ပို့ပေးမယ်လေ..."
baekရဲ့ဖျော့တော့နေတဲ့ပုံစံကိုကြည့်ပြီး sehunပူပန်စွာပြောလိုက်သည်.....
အမှန်အတိုင်းပြောရရင် sehunက baekကိုအလယ်တန်းကတည်းကအရမ်းကိုသဘောကျခဲ့သည်....
baekကြောင့်သာမဟုတ်ရင် sehun seoul universityကိုဝင်ခွင့်ရခဲ့မှာမဟုတ်ပေ.......
baekကငယ်ငယ်ကတည်းက စာတော်သည်..စာမေးပွဲတိုင်းတွင်လည်းtop..sehunကတော့မတော်ပေမယ့်ညံ့သည့်အထဲလည်းမပါ...
baek အရည်အချင်းနဲ့ဆိုseoul university ကိုတက်ခွင့်ရမယ်ဆိုတာသေချာသည်ကိုသိသောsehunက baekနှင့်အတူတက်နိုင်ရန်အပြင်းအထန်ကြိုးစားခဲ့သည်....နောက်ဆုံးတော့ sehun seoul universityကိုတက်ခွင့်ရခဲ့ပါသည်.....
ကံမကောင်းစွာဖြင့် baekကျောင်းနားသွားပြီဆိုသောသတင်းကိုသာကြားခဲ့ရပြီးနောက်ပိုင်း baekကို sehunထပ်မတွေ့ရတော့ချေ..
sehunအတော်အတန်စိတ်ထိခိုက်ခဲ့သည်......
YOU ARE READING
Devil
De TodoTeaser ရှင်ခံစားဖူးလား... ခိုကိုးရာမဲ့ပြီးမျှော်လင့်ချက်မဲ့တဲ့ခံစားချက်ကို ရှင်ခံစားဖူးလား... စူးစူးနစ်နစ်ချစ်ရသူရဲ့လျစ်လျူရှုမှုကို ရှင်ခံစားဖူးလား... ကိုယ့်သွေးသားအရင်းအခြာကိုအကြိမ်ကြိမ်စွန့်လွှတ်ခဲ့ရတဲ့ ခံစားချက်ကို ကျွန်မခံစား...
