Devil <Part-24>
"ဘာ...ကလေးအတုဟုတ်လား...."
Chanyeolဒေါသတကြီးနဲ့ အော်ဟစ်ရင်း အိမ်ထဲသို့ ဝင်လာသည်...."မဟုတ်ဘူး...chanyeol...မဟုတ်ဘူး...ကျွန်မပြောတာနားထောင်ပါဦး..."
Liyoon chanyeol၏ လက်ကိုဆွဲရင်း အလန့်တကြားတောင်းပန်လိုက်သည်....Chanyeol သူမ၏လက်ကို ခပ်ကြမ်းကြမ်းရုန်းပစ်လိုက်ရင်း တွန်းလိုက်သည်....
"မင်းဆိုလိုတာ jongလေးကငါ့သွေးသားမဟုတ်ဘူးလား...."
Chanyeol လက်တို့က ဒေါသကြောင့်တစ်ဇတ်ဇတ်တုန်နေသည်....Liyoonလဲနေရာမှအတင်းပြန်ထရင်း chanyeolလက်တို့ကိုထပ်ဆွဲကာ
"မဟုတ်ဘူး...chanyeol..ကျွန်မရှင်းပြမယ်...ကျွန်မဒီလိုလုပ်ခဲ့တယ်ဆိုတာ ရှင့်ကိုချစ်....""ဖြောင်း...."
Chanyeol liyoonပါးကို ခပ်ပြင်းပြင်းတစ်ချက်ရိုက်လိုက်သံ....Liyoonကြမ်းပြင်ပေါ်သို့ လဲကျသွားသည်..
"မင်းငါ့ကိုချစ်တာမဟုတ်ဘူး....မင်း ငါ့စည်းစိမ်တွေကိုချစ်တာ....မင်းကိုအခုချိန်ထိသည်းခံပြီးပေါင်းနေတာ jong လေးကြောင့်....jongလေးသာမရှိရင် မင်းကို ငါလွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းကကွာရှင်းပြီးပြီ......တောက်...."
Chanyeol စိတ်ပျက်စွာ နဖူးကို လက်နှင့်ဖိလိုက်ရင်း တစ်ဖက်သို့လှည့်လိုက်သည်..."Liyoonအဆင်ပြေရဲ့လား...."
Baek လဲကျသွားသော သူမကို ထူပေးရင်း စိုးရိမ်တကြီးမေးလိုက်သည်...."ဖယ်...ငါ့ကိုမထိနဲ့...အဲ့တာအကုန်နင့်ကြောင့် နင့်ကြောင့်..."
စိုးရိမ်တကြီးထူပေးနေသောbaek၏လက်တို့ကိုliyoonဆွဲဖယ်ရင်းတွန်းလိုက်သည်...."Nar Liyoon...မင်းထွက်သွား....ငါ့မျက်စိရှေ့ကအခုချက်ချင်းထွက်သွားစမ်း..."
Chanyeol စားပွဲကိုလက်သီးနှင့်ခပ်ကြမ်းကြမ်းထုတစ်ချက်ထုကာ အော်ပြောလိုက်သည်...liyoon baekကို မုန်းတီးစွာကြည့်ကာ
အိမ်ထဲမှ ပြေးထွက်သွားသည်.....

YOU ARE READING
Devil
AcakTeaser ရှင်ခံစားဖူးလား... ခိုကိုးရာမဲ့ပြီးမျှော်လင့်ချက်မဲ့တဲ့ခံစားချက်ကို ရှင်ခံစားဖူးလား... စူးစူးနစ်နစ်ချစ်ရသူရဲ့လျစ်လျူရှုမှုကို ရှင်ခံစားဖူးလား... ကိုယ့်သွေးသားအရင်းအခြာကိုအကြိမ်ကြိမ်စွန့်လွှတ်ခဲ့ရတဲ့ ခံစားချက်ကို ကျွန်မခံစား...