Devil <Part-25>
မှောင်မဲနေသော အဆောက်အအုံအတွင်းတစ်နေရာတွင် မိန်းကလေးတစ်ယောက်
သူမ၏ရှေ့မှ အရက်ပုလင်းတို့က ဖရိုဖရဲ..
လက်တွင်ကိုင်ထားသောပုလင်းထဲမှ လက်ကျန် ကို မော့သောက်လိုက်သည်...ရေစိုနေဟန် ရှိသောဘွတ်ဖိနပ်အနက် ရောင်စီမှ ရေစက်တို့က ကြမ်းပြင်ပေါ်သို့တစ်စက်စက်စီးကျနေသည်....
မျက်ဝန်းတို့က ခပ်နီနီဖြစ်နေသည်....
အရက်သောက်ထားသည့်အရှိန်ကြောင့်ဖြစ်လောက်သည်...
"ဟဟဟဟ....ငါမမှားဘူး...ငါမှန်တယ်.ဟားဟား.....ဟုတ်တယ်...ငါမှန်တယ်...ဟားဟား......""ဂျိန်း....."
ခြောက်ကပ်ကပ်ရယ်လိုက်သံနှင့်အတူ မိုးခြိမ်းသံက တိတ်ဆိတ်မှောင်မိုက်နေသော အခန်းအတွင်းပျံ့နှံ့သွားသည်.....
××××××
"Oh Sehun...သိပ်စိတ်မပူနေပါနဲ့ကွာ....သူမအဆင်ပြေမှာပါ...."
မှိုင်တွေကာ ကျောက်ရုပ်တစ်ရုပ်လိုရပ်နေသော sehunပုခုံးကို ပုတ်လိုက်ရင်း သူ အားပေးစကားပြောလိုက်သည်.....Sehunအခုချိန်မှာဘယ်လိုခံစားနေရမယ်ဆိုတာ chanyeolနားလည်ပါသည်...
သူတောင် ဘာမှမဖြစ်တဲ့ baekhyunကိုတအားစိတ်ပူနေသေးတာမလား....အခုဆို Lulu အရေးပေါ်ခန်းထဲဝင်သွားတာ 3နာရီလောက်ရှိပြီ....
Sehun ကတော့ luluအရေးပေါ်အခန်းထဲဝင်သွားကတည်းက အခုထိ ကျောက်ရုပ်လိုရပ်နေဆဲ....
Baekကတော့ အရမ်းငိုနေတာကြောင့် စိတ်ငြိမ်ဆေးအတင်းထိုးပေးကာ ခဏအနားယူခိုင်းထားလိုက်သည်.....
ကလေးတွေကိုတော့ အမေ.့အိမ်ကို တစ်ညပို့ခိုင်းထားလိုက်သည်လေ...
Chanyeolတစ်ယောက် စိတ်မကောင်းဖြစ်မိသည်..တကယ်ဆို ဒီကိစ္စက သူ့ ပယောဂမကင်း....ဟိုမိန်းမကြီးတွေပြောပုံအရသာဆိုရင် ဒီယာဉ်တိုက်မှုက မတော်တဆမဟုတ်နိုင်.....liyoon အဲ့မိန်းမတမင်သက်သက်လုပ်ကြံတာမှန်း သူအသေအချာသိသည်...
သူ့အတွင်းရေးမှူးကိုတော့ အကြောင်းစုံ စုံစမ်းခိုင်းထားပြီးပြီ.....

YOU ARE READING
Devil
RandomTeaser ရှင်ခံစားဖူးလား... ခိုကိုးရာမဲ့ပြီးမျှော်လင့်ချက်မဲ့တဲ့ခံစားချက်ကို ရှင်ခံစားဖူးလား... စူးစူးနစ်နစ်ချစ်ရသူရဲ့လျစ်လျူရှုမှုကို ရှင်ခံစားဖူးလား... ကိုယ့်သွေးသားအရင်းအခြာကိုအကြိမ်ကြိမ်စွန့်လွှတ်ခဲ့ရတဲ့ ခံစားချက်ကို ကျွန်မခံစား...