Devil Part<Part-14>
နံနက်ခင်းနေရောင်ခြည်လေး baek၏အိပ်ခန်းလေးအတွင်းသို့ ဖြာကျလာသည်...
အခန်းအပြင်ဘက် သစ်ပင်ပေါ်ကငှက်ကလေးများက တကျီကျီအော်မြည်နေလျက်Sooလေးလှုပ်ပဲ့လှုပ်ပဲ့နှင့်နိုးလာသည်...
Ommaကုတင်ပေါ်လှမ်းကြည့်လိုက်တော့ မရှိ...
sooလေး သူမ၏လက်သေးသေးလေးနှင့်မျက်လုံးလေးကိုပွတ်လိုက်သည်...ရုတ်တရက် စားပွဲခုံပေါ်တွင်တင်ထားသောဘူးသေးသေးလေးက sooလေး၏စိတ်အာရုံကိုဖမ်းစားသွားသည်....
မှန်တင်ခုံရှေ့မှ ထိုင်ခုံပုလေးကိုခုပြီး စားပွဲခုံပေါ်မှ ဘူးလေးကိုယူလိုက်သည်...
Sooလေး စိတ်လှုပ်ရှားစွာဖွင့်ကြည့်လိုက်တော့ တစ်လက်လက်တောက်ပနေတဲ့ အပြာကျောက်လေးတစ်ပွင့်တပ်ထားသည့်လက်စွပ်လေး...
"ဝှါး...လှလိုက်တဲ့ လက်စွပ်လေး...ခခ်.."
sooလေး လက်စွပ်လေးကိုသဘောကျစွာထုတ်ယူလိုက်သည်..့် sooလေးရဲ့လက်လေးက သေးလွန်းတော့ မမျှော်လင့်ဘဲ လက်စွပ်လေးက လေထုကိုဖြတ်ပြီး ကြမ်းပြင်နှင့်ထိရိုက်ကာ ကုတင်အောက်သို့လှိမ့်သွားသည်..
"Sooလေးရေ...
နိုးပြီလား...
မနက်စာစားလို့ရပြီနော်...."
baek၏မီးဖိုချောင်ထဲက အသံကြောင့် sooလေး လက်စွပ်ကိုအမှုမဲ့အမှတ်မဲ့နေလိုက်သည်....
ဘူးလေးကို သူ့နေရာနှင့်သူပြန်တင်ကာ ခုံပုလေးကို မှန်တင်ခုံရှေ့ပြန်ချပြီး မီးဖိုချောင်ထဲသို့ပြေးသွားလေသည်..Baekမနက်ဆိုင်ဖွင့်ပြီး ရှစ်နာရီကတည်းက သူ့ကိုစောင့်နေသည်...
sooလေးကိုတော့မူကြိုပို့လိုက်ပြီ...10:30 AM
ဟာ..
"ဒီpark chanyeolမလာသေးဘူးလား...
ငါ့ကိုများမလှိမ့်တစ်ပတ်လုပ်သွားတာလား...."
baekhyunစိတ်မရှည်စွာတွေးမိသည်...ထိုအချိန် အိမ်ရှေ့မှကားရပ်သံကိုကြားလိုက်သည်..
လှမ်းကြည့်လိုက်တော့ ပြိုင်ကား အဖြူရောင်နှင့် chanyeol အနောက်တိုင်းဝတ်စုံအပြည့်နှင့် ကားထဲမှစတိုင်ကျကျထွက်လာသည်..

YOU ARE READING
Devil
DiversosTeaser ရှင်ခံစားဖူးလား... ခိုကိုးရာမဲ့ပြီးမျှော်လင့်ချက်မဲ့တဲ့ခံစားချက်ကို ရှင်ခံစားဖူးလား... စူးစူးနစ်နစ်ချစ်ရသူရဲ့လျစ်လျူရှုမှုကို ရှင်ခံစားဖူးလား... ကိုယ့်သွေးသားအရင်းအခြာကိုအကြိမ်ကြိမ်စွန့်လွှတ်ခဲ့ရတဲ့ ခံစားချက်ကို ကျွန်မခံစား...