Devli <Part-4>
" park chanyeol နဲ့လက်ထပ်မယ့်မိန်းကလေးဆိုတာ ညီမလား..."baekသတိလက်လွတ်ရေရွတ်မိလိုက်သည်...
baekဆက်မတွေးရဲတော့ဘူး....မဟုတ်ဘူး...ဒီအဖြစ်မှန်ကိုbaekလုံးဝလက်ခံနိုင်စွမ်းမရှိဘူး...."Baekအတွက်ရုတ်တရက်ဆန်လွန်းတဲ့ကိစ္စတွေအရမ်းများလွန်းနေသည်..... သူမရင်ထဲမှဝမ်းနည်းမှုအလုံးအရင်းဆို့တက်လာသည်..
Chanyeolတိုက်ခန်းဝနားရပ်နေသည့် baekကိုရုတ်တရက်တွေ့မြင်သွားသောအခါ..ချောမောလှသောမျက်နှာပြင်ပေါ်တွင် အလိုမကျမှုတခုနေရာယူသွားသည်....ထူထဲနက်မှောင်လှသော မျက်ခုံးနှစ်ခုကတွန့်ချိုးလျက်....
"သူမကဒီကိုဘာလာလုပ်တာလဲ...ဧကန္တ သူ့ချစ်သူliyoonကိုတခုခုလုပ်မလို့များလား...."chanyeolသံသယစိတ်ဖြင့်baekအပေါ်ဒေါသထွက်သွားသည်....သို့သော် သူ၏ချစ်သူ liyoonသတိမထားမိရန် ပျက်ယွင်းနေသောမျက်နှာကို လျင်မြန်စွာပြောင်းလိုက်ရင်း baekhyunကိုသူစိမ်းတယောက်လို အေးစက်စက်ကြည့်ကာ မျက်နှာလွှဲလိုက်သည်...Baekhyunကြောင်အစွာတွင်သူ့ကိုငေးကြည့်နေမိသည်..အတူနေလာတာငါးနှစ်ရှိပြီလေ... သူ့ရဲ့အပြုအမူအသေးစိတ်ကအစ..အကြည့်တချက်ကအစ သူမ သေချာနားလည်တာပေါ့..... သူ့ရဲ့မျက်ဝန်းတွေထဲမှာ..
အထင်သေးမှု...အံ့သြမှု...ဒေါသထွက်မှုသံသယများစွာရောယှက်နေတာကိုbranded sunglassesရဲ့ မှန်အမည်းရောင်တွေကိုထိုးဖောက်ကာ baek ကောင်းကောင်းနားလည်လိုက်သည်....ထိုအချိန်Baekရဲ့ကမ္ဘာလေးတခဏရပ်တန့်သွားသည်..
လေးရက်ရှိပြီ.လေးရက်....
သူ့ကိုမတွေ့မမြင်ရတာလေးရက်တောင်ရှိသွားပြီ...သူအရင်တုန်းကထက်တောင် ပိုပြီးခန့်လာသည်..ပိုပြီးချောလာသည်ဟု baekတွေးမိလိုက်သည်
တဆက်တည်းမှာပင်..baekနဲ့သူနဲ့လုံးဝအဆက်အသွယ်ဖြတ်လိုက်တာပေမယ့်..baekသူ့အပေါ်သံယောဇဉ်တစ်မျှင်လေးတောင်မပြတ်နိုင်ပါလား ဆိုတာကိုbaekထပ်တူသိရှိလိုက်ရသည်..
YOU ARE READING
Devil
CasualeTeaser ရှင်ခံစားဖူးလား... ခိုကိုးရာမဲ့ပြီးမျှော်လင့်ချက်မဲ့တဲ့ခံစားချက်ကို ရှင်ခံစားဖူးလား... စူးစူးနစ်နစ်ချစ်ရသူရဲ့လျစ်လျူရှုမှုကို ရှင်ခံစားဖူးလား... ကိုယ့်သွေးသားအရင်းအခြာကိုအကြိမ်ကြိမ်စွန့်လွှတ်ခဲ့ရတဲ့ ခံစားချက်ကို ကျွန်မခံစား...