Devil <Part-28>
"ငါမယုံဘူး....ငါမယုံဘူး...."
Chanyeolခေါင်းကိုအသွင်သွင်ခါရင်း Emergency roomထဲသို့အတင်းပြေးဝင်သွားသည်....."Mr.Park ဝင်လို့မရပါဘူးရှင်...Mr.Park...."
Nurseမလေးက chanyeolကိုတားရန်နောက်မှပြေးလိုက်ရန်ပြင်သော်လည်း
Sehun နောက်မှလှမ်းဆွဲထားလိုက်သည်....ခေါင်းကိုအသာခါပြလိုက်ရင်း ပြေးဝင်သွားသော chanyeolကိုသာ သနားစိတ်နှင့်ကြည့်နေလိုက်သည်.......
××××
မဆုံးနိုင်သော လမ်းတစ်လျှောက်တွင်သူမ အသည်းအသန်ပြေးလွှားနေမိသည်....
"အ!"
သူမ လဲကျသွားသည်.....ဒါဘယ်နေရာလဲ...?...ကျွန်မ ဘယ်နေရာရောက်နေတာလဲ....
Baek မှောင်မဲနေသော ဘေးဘီကိုကြည့်လိုက်ရင်း ကြောက်လန့်လာသည်...."သမီးလေး ထပါ..."
အသံလာရာ ရှေ့ကို baekကြည့်လိုက်သည်....အဖြူရောင်ဝတ်စုံနှင့် လူတစ်ယောက်...."ဘယ်သူလဲ?"
ပီသစွာမမြင်ရသောကြောင့် သူမ သေချာစိုက်ကြည့်ရင်း မေးခွန်းထုတ်လိုက်သည်....
အသံပိုင်ရှင်က သူမနားသို့ တစ်ဖြည်းဖြည်းတိုးကပ်လာသည်...
လက်တစ်ဖက်က သူမကို ထူရန် ဆန့်တန်းထားလျက်....
တဖြည်းဖြည်းနီးကပ်လာသော ထိုသူကို baekသေချာကြည့်လိုက်တော့...
"Appa?.......appaမလား....
appaဘာလို့ သမီးကိုအခုမှလာတွေ့တာလဲဟင်....."
ဝမ်းသာအားရမေးလိုက်သံ နောက်တွင် baekရှိုက်သံလေးတစ်စွန်းတစ်စပါဝင်သွားသည်...."Appaသမီးလေးမငိုပါနဲ့ကွယ်...ထပါဦး...."
သူမ လှမ်းပေးထားသော appa၏လက်ကို ဆုပ်ကိုင်ကာ မတ်တပ်ထရင်း appaရင်ခွင်ထဲသို့တိုးဝင်လိုက်သည်.....
"Appaကိုသမီး လွမ်းနေတာ...."
ခပ်မှေးမှေး မျက်ဝန်းထဲမှ မျက်ရည်တို့လျှံကျလာသည်.....

YOU ARE READING
Devil
De TodoTeaser ရှင်ခံစားဖူးလား... ခိုကိုးရာမဲ့ပြီးမျှော်လင့်ချက်မဲ့တဲ့ခံစားချက်ကို ရှင်ခံစားဖူးလား... စူးစူးနစ်နစ်ချစ်ရသူရဲ့လျစ်လျူရှုမှုကို ရှင်ခံစားဖူးလား... ကိုယ့်သွေးသားအရင်းအခြာကိုအကြိမ်ကြိမ်စွန့်လွှတ်ခဲ့ရတဲ့ ခံစားချက်ကို ကျွန်မခံစား...