Devil <Part-7>
"ဘယ်လောက်ကြာပြီလဲ.."chanyeolစိတ်မရှည်စွာထပ်မေးလိုက်သည်.....
"အရင်လရယ်....အရင့်အရင်လရဲ့7ရက်နေ့ကတည်းကပဲ..."
baekသေချာစဉ်းစားရင်းတုန်ယင်စွာဖြေလိုက်သည်.."မင်းဘာလို့ကြိုမပြောတာလဲ..မင်းဒါလေးတောင်ဂရုမစိုက်မိဘူးလား..."
chanyeol၏မျက်လုံးထဲတွင် ရက်စက်မှု ခက်ထန်မှုတို့ပြည့်နှက်နေသည်...Baekတကယ်အံ့သြ သွားသည်..သူဘာလို့ဒီလောက်တောင်ဒေါသထွက်သွားရတာလဲ..
"တောင်းပန်ပါတယ်..baekလည်းအလုပ်ရှုပ်နေတာနဲ့ သတိမထားမိလိုက်တာပါ..""ဒီမှာbaekမင်းအဲ့ကိုယ်ဝန်ကိုမမွေးရဘူး..ဖျက်ချရမယ်..."
chanyeol baekhyunကိုကြည့်ရင်းလေးနက်စွာပြောလိုက်သည်..."ဖျက် ဖျက်ချရမယ်..?."
baek ကိုယ့်နားကိုတောင်မယုံနိုင်ပါ...ဖျက်ချရမယ်ဟုတ်လား..."ကိုယ်ကမင်းကလေးကိုအလိုမရှိဘူး...
မင်းခန္ဓာကိုယ်ကိုပဲအလိုရှိတာ...
ဒါကြောင့်မင်း နောက်နောင်ကိုယ်ဝန်ရှိလာရင်လည်း ဒီလိုပဲဖျက်ချရမယ်.."
chanyeolတည်ငြိမ်စွာဖြင့်ပြောလိုက်သည်...ရက်စက်လိုက်တာ chanyeolရယ်...
ဟုတ်ပါသည်လေ...
baekက သူ့ရဲ့ ချစ်သူမိန်းကလေးမှမဟုတ်ဘဲ...
သူကbaekကိုချစ်လို့မှမဟုတ်ဘဲ....
baekနဲ့သူရဲ့ပက်သက်မှုက အရောင်းအဝယ်တခုသာ...
Flashback end..Baekအတိတ်ကအကြောင်းတွေကိုမှတ်ဉာဏ်ထဲသို့ပြန်လည်သိမ်းဆည်းလိုက်သည်...
သူမ အဲ့ပထမဦးဆုံး ကိုယ်ဝန်ဖျက်ချတုန်းကလည်း သူမအခုလို ခံစားချက်မျိုး အလားတူခံစားခဲ့ရသည်...
ရင်ထဲမှာအရမ်းနာကျင်နေပေမယ့်..မျက်ရည်တစ်စက်မှထွက်မလာသည့်ခံစားချက်မျိုး ..အို...နေပါစေတော့..အတိတ်ကိုအတိတ်မှာပဲထားခဲ့ပါရစေတော့...အခုလက်ရှိအခြေအနေကိုပဲရင်ဆိုင်ရမယ်...
baekအခုရင်ဆိုင်ရမယ့်လက်ရှိအခြေအနေက chanyeolသူမကိုရက်စက်စွာထားသွားတယ်
သူချစ်ရတဲ့သူနဲ့လက်ထပ်တော့မယ်
တိုက်ဆိုင်စွာနဲ့ပဲ.....chanyeolလက်ထပ်မယ့်သူက baekရဲ့ညီမလေး liyoonဖြစ်နေတယ်...
အဲ့တာbaekလက်ခံနိုင်ရမယ့် လက်ရှိအမှန်တရားပဲ.....
YOU ARE READING
Devil
RastgeleTeaser ရှင်ခံစားဖူးလား... ခိုကိုးရာမဲ့ပြီးမျှော်လင့်ချက်မဲ့တဲ့ခံစားချက်ကို ရှင်ခံစားဖူးလား... စူးစူးနစ်နစ်ချစ်ရသူရဲ့လျစ်လျူရှုမှုကို ရှင်ခံစားဖူးလား... ကိုယ့်သွေးသားအရင်းအခြာကိုအကြိမ်ကြိမ်စွန့်လွှတ်ခဲ့ရတဲ့ ခံစားချက်ကို ကျွန်မခံစား...