Santa Told me" Don't hate her!"

3.4K 245 59
                                    

Devil <Part-36>

"သား​လေးကို ဘယ်​လိုလုပ်​ကြမလဲဟင်​....သား​လေးက luကိုအရမ်းမုန်း​နေတာ..."

ရင်​ခွင်​ထဲမှ ကျွန်​​တော့်​လက်​တစ်​ဖဝါးစာ​လောက်​သာရှိတဲ့ သူမရဲ့ ​ခေါင်း​လေးကို ​ယုယုယယပွတ်​သတ်​လိုက်​သည်​....

"Jong​လေးကို ကိုယ်​ကြည့်​ပြီးအဆင်​​ပြေ​အောင်​လုပ်​ပါ့မယ်​....အရမ်းကြီးစိတ်​ဆင်းရဲမခံပါနဲ့​နော်​....မင်္ဂလာ​ဆောင်​ရက်​က နီးလာ​တော့ မင်းလည်း အရမ်းပင်​ပန်း ​နေပြီ...."

"ဒါ​ပေမယ့်​​လေ...jong​လေးက "

"ရှူးးးး"
ကျွန်​​တော့်​ရင်​ခွင်​ထဲမှ ရုန်းထကာ စကား​ပြောရန်​ ပြင်​လိုက်​တဲ့ သူမရဲ့ နှုတ်​ခမ်း နုနု​လေး​တွေကို ကျွန်​​တော်​ လက်​ညိုးနဲ့ ဖိကပ်​ကာ တားလိုက်​သည်​...

မျက်​လုံးမို့မို့​လေး​တွေနဲ့ တစ်​ရှုံ့ရှုံ့ဖြစ်​​နေတဲ့ နှာ​ခေါင်း​လေး​တွေက ခုထိ နီနီရဲရဲ​လေးဖြစ်​​နေတုန်း....

"ကိုယ်​ကလည်း က​လေးအ​ဖေပါ....ကိုယ့်​ကို ယုံတယ်​မလား...."

မျက်​လုံး​လေး​တွေ ​မှေးသွား​အောင်​ထိ ကျွန်​​တော်​ ပြုံးပြရင်း ကျွန်​​တော်​​ပြောလိုက်​သည်​...

က​လေး​လေးတစ်​​ယောက်​လို ​ခေါင်း​လေးကို တစ်​ဆတ်​ဆတ်​ငြိမ့်​ရင်း ကျွန်​​တော့်​ရင်​ခွင်​ထဲသို့ပြန်​တိုးဝင်​လာသည်​....

ကုတင်​​ပေါ်က​တော့ တစ်​ဖွဲဖွဲကျ​နေတဲ့ နှင်း​တွေ

"သူမနဲ့ ကျွန်​​တော်​ ​တွေ့ခဲ့တာလည်း ဒီလို နှင်း​တွေ အများကြီးကျခဲ့တဲ့ ဒီဇင်​ဘာလရဲ့ ရက်​တစ်​ရက်​မှာပဲ....."

"တကယ်​​တော့...ကျွန်​​တော်​သာ လွန်​ခဲ့တဲ့ 8နှစ်​​ကျော်​ကတည်းက ကျွန်​​တော်​နဲ့မှားခဲ့တဲ့ ​ကောင်​မ​လေးကို ​သေ​သေချာချာရှာခဲ့မယ်​ဆိုရင်​ သူမ အခုလို နာကျင်​ခံစားစရာလို​နေမှာမဟုတ်​​တော့ဘူး....
ကျွန်​​တော့ထပ်​ သုံးနှစ်​ငယ်​တဲ့ ခ​လေး​လေး...
အထက်​တန်းပြီးခါစအရွယ်​​လေး ကိုယ်​ဝန်​လွယ်​ထားတဲ့အချိန်​တုန်းက သူမဘယ်​​လောက်​​တောင်​ ပင်​ပန်းခဲ့မလဲ....အကုန်​ကျွန်​​တော်​မှားခဲ့တာပဲ....​တောင်းပန်​ပါတယ်​ ခ​လေးရယ်​....."

DevilWhere stories live. Discover now