Devil <Part-33>
"ကျွန်မ မှားနေပြီလား.....သူ့ကို ကျွန်မ နားက ထွက်သွားခိုင်းတာကျွန်မ မှားနေပြီလားဟင်...."
"Liyoonရေ...ငါဒီတခါလောက်တော့ အတ္တကြီးချင်တယ်ဟာ...."
နားစပ်သပ်နားက သူ့ရဲ့ နှုတ်ခမ်းပါးရာလေးကို ရူးမိုက်စွာ ခံစားရင်း ထိုနေ့ည က ကျွန်မအိပ်ရေးပျက်ခဲ့ပါသည်....
××××××××
ကျွန်မ ဒီနေ့ဆေးရုံဆင်းတယ်....
ဗိုက်ကဒဏ်ရာက အတော်အတန်သက်သာလာပါပြီ....
ဒါကိုPark Chanyeolက ကျွန်မကို လမ်းမလျှောက် စေလိုသေး
Wheel chairကြီးတစ်ကားကားနှင့်ဘယ်နေရာမဆို သွားနေရတာ ကျွန်မကိုယ် ကျွန်မတောင် မုန်းချင်လာသည်
"လူနာ...Byun Baekhyun....ဒီတလအတွင်းပြေးတာ လွှားတာတွေမလုပ်ပါနဲ့နော်....ကျန်တာကထွေထွေထူးထူးမရှိပါဘူး...ဆေးရုံဆင်းလို့ရပါပြီ...."
အင်္ဂလိပ် သံခပ်ဝဲဝဲပေါက်သော
ရွှေအိုရောင် ဆံပင် နှင့် Doctor Kris က ကျွန်မကို ပြုံးရွှင်စွာပြောသည်...."ကျေးဇူးတင်ပါတယ် ဆရာ..."
ကျွန်မ ဆေးရုံတက်နေစဉ်အတောအတွင်း ကျွန်မကို တာဝန်ယူသော Doctorရယ်ပါ....အသက်ရွယ်တူနီးပါးရှိတာကြောင့်လည်း အတော်ခင်မင်သွားခဲ့တယ်လေ....
ကြည့်ရတာ Kris ကလည်း မိသားစုခပ်ကြီးကြီးက ပုံစံပင်....Doctor အလုပ်ကို ဝါသနာပါလို့လုပ်နေပေမယ့် Park Chanyeol လောက်နီးပါး ချမ်းသာလောက်မည်ဟု ကျွန်မ ထင်သည်....
အဲ....Park Chanyeolကတော့ Krisကိုမျက်နှာကြောလုံးဝမတည့်....
"ချုပ်ရိုးက နာတာပြုတာရှိခဲ့ရင်လည်း ကျွန်တော့ဖုန်းနံပါတ်ကို အချိန်မရွေးဆက်လိုက်ပါ...."
ကြည့်ပါဦး...အခုလည်း ပြုံးရွှင်ပြီး စေတနာနဲ့ ပေးနေတဲ့ လိပ်စာကဒ်ကို ဂျစ်ကန်ကန်နဲ့ဆွဲယူလိုက်ပြန်ပြီ....

YOU ARE READING
Devil
RandomTeaser ရှင်ခံစားဖူးလား... ခိုကိုးရာမဲ့ပြီးမျှော်လင့်ချက်မဲ့တဲ့ခံစားချက်ကို ရှင်ခံစားဖူးလား... စူးစူးနစ်နစ်ချစ်ရသူရဲ့လျစ်လျူရှုမှုကို ရှင်ခံစားဖူးလား... ကိုယ့်သွေးသားအရင်းအခြာကိုအကြိမ်ကြိမ်စွန့်လွှတ်ခဲ့ရတဲ့ ခံစားချက်ကို ကျွန်မခံစား...