Jeongyeon တစ်ယောက် မနက် စောစောစီးစီးနိုးလာတယ်။ ဒီနေ့ကတော့ သူ့မှာဘာ အလုပ်မှမရှိဘူးလေ။ အဲ့ဒါကြောင့် သူ သူ့ရဲ့ အကြိုက်ဆုံး မျက်လှည့်ဆရာမ A.D. Jeongyeon က magic ကို အရမ်းကြိုက်တယ်လေ။ သူ ဘာလို့အဲ့ဒီလောက်တောင်ကြိုက်လဲဆိုတာကို သူ့ကိုယ်သူလည်း နားမလည်နိုင်ဘူး။ A.D ဆိုတာ မိန်းကလေး မျက်လှည့်ဆရာမလေ။ သူ့နာမည်အရင်းကော ရုပ်ကောကို ဘယ်သူမှမသိကြဘူး။ သူက အမြဲ မျက်နှာဖုံးစွပ်ထားတယ်လေ။ သူ့ မျက်လှည့်ပညာတွေက အရမ်းကိုကောင်းပြီး သူလုပ်တဲ့ မျက်လှည့်ကိုလည်း ဘယ်လိုလုပ်လိုက်လဲဆိုတာကို ဘယ်သူမှ နားမလည်နိုင်ဘူး။ သူက အရမ်းကို တော်တဲ့ မျက်လှည့်ပညာရှင်လေ။ Jeongyeon က ငယ်ငယ်လေးတုန်းက မျက်လှည့်ပညာရှင် အရမ်းကို ဖြစ်ချင်ခဲ့တာလေ။ ဒါပေမယ့် သူ့မှာ အဲ့ဒါအတွက် အရည်အချင်းမရှိဘူးလေ။ နောက်တော့ သူ့အဖေ မွေကို ဆက်ခံပြီး Yoo လုပ်ငန်းစုကြီးရဲ့ ဦးဆောင်သူတစ်ယောက်ဖြစ်လာတာလေ။ Yoo လုပ်ငန်းစုကြီးက အရမ်းကို နာမည်ကြီးတော့ သူ့ကို လူသိများပြီး TV တွေ သတင်းစာတွေထဲမှာလည်းပါပြီး Yoo Jeongyeon ဆိုတဲ့ အသက်အငယ်ဆုံး လုပ်ငန်းရှင်ကို မသိတဲ့သူ မရှိဘူးလေ။ သူ့ကို လိုချင်တဲ့ မိန်းကလေးတွေကလည်း တန်းကိုစီလို့။ ရုတ်တရက်ဆိုသလို သူ့ ph မြည်လာတယ်။ သူ့အမေဆက်တာလေ။ သူ ph ကိုင်သင့် မကိုင်သင့် စဉ်းစားပြီး နောက်ဆုံးတော့ ကိုင်ဖို့ဆုံးဖြတ်လိုက်တယ်
"nae, eomma."
"Jeongyeona, သမီးဒီနေ့အားတယ်လို့ကြားတယ်။ အိမ်ကို ခဏလောက်လာလည်လို့မရဘူးလား? Chaeyoung ကလည်း သမီးကိုပဲ တချိန်လုံးမေးနေတာ။"
Jeongyeon က သက်ပြင်းချလိုက်ပြီး "eomma, သမီးမလာနိုင်ဘူး။ ဒီနေ့တစ်ရက်ပဲ သမီးနားရတာလေ။ သူ ဘာလိုချင်လဲဆိုတာကိုမေးလိုက်လေ။ ပြီးရင် ဝယ်ဖို့သမီးပိုက်ဆံပို့ပေးလိုက်မယ်။"
"Yoo Jeongyeon, သူက နင့်သမီးဆိုတာလည်း သတိရအုံး။ ပစ္စည်းတွေဝယ်ပေးတာနဲ့ သမီးနဲ့အတူတူရှိပေးတာက မတူဘူး။"
"eomma, mianhae. သူ အပေါ်သမီးစိတ်က ဘယ်လိုရှိလဲဆိုတာကို eomma လည်း သိတာပဲလေ။"
"Jeongyeona, အခုဆို ၈ နှစ်တောင်ရှိနေပြီလေ။ Momo ကိုလည်း ဆုံးရှုံးပြီးသွားပြီ။ အခုကော Chaeyoung ကိုပါ ထပ်ပြီးဆုံးရှုံးချင်သေးလို့လား? သမီးရယ် ရှိသမျှအပြစ်တွေအားလုံးကို Chaeyoung အပေါ်ကိုပုံမချပါနဲ့။ ဒါက သူ့အပြစ်မဟုတ်ဘူးလေ။ Chaeyoung လည်း သမီးကို လိုအပ်တယ်လေ။"
BINABASA MO ANG
Forbidden Spells
Fanfiction임나연 (Im Nayeon) 유정연 (Yoo Jeongyeon) 김태연 (Kim Taeyeon) 임윤아 (Im Yoona)
