Yoona က Taeyeon အိပ်ပျော်သွားတော့ အပြင်ကိုထွက်လာလိုက်တယ်။ သူ ခဏလေးထွက်သွားတာဆိုတော့ ဘာမှမဖြစ်လောက်ဘူးလို့တွေးလိုက်တယ်လေ။ သူ နောက်မကျခင်မှာ လုပ်စရာကိစ္စရှိနေတယ်လေ။ အခြေအနေတွေက သူထင်ထားတာထက် ပိုဆိုးနေတယ်။ အကယ်၍ wizard world ကြီးကို ပုံမှန်ပြန်ဖြစ်အောင် လုပ်နိုင်သွားရင်တောင်မှပဲ Monster Hunters တွေနဲ့ AD က သူတို့ရဲ့ ရန်သူဖြစ်နေအုံးမှာပဲလေ။ ပြီးတော့ ဒီကမ္ဘာကြီးမှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကလည်း မဖြစ်ခဲ့သလိုလုပ်လို့မရဘူးလေ။
Yoona က Sunny နဲ့ Sooyoung ကို ဂိတ်တံခါးကြီးရဲ့အခြေအနေကို သွားစစ်ဆေးခိုင်းလိုက်ပြီး သူက Jungyeon တို့အိမ်ကိုသွားလိုက်တယ်။ Jeongyeon ကသာ ရာထူးမြင့်တဲ့ monster hunter ရဲ့ သမီးသာဆိုရင် သူ့ကို အဲ့ဒီ monster hunters တွေက စိတ်ဝင်စားကြလိမ့်မယ်လေ။ ပြီးတော့ အဲ့ဒီ monster hunters တွေကသာ သူက wizard ဒါမှမဟုတ် witch တစ်ပိုင်း သာဆိုရင် သူ့ကိုလည်း monster လို့ပဲ ယူဆကြလိမ့်မယ်။
Monster hunters တွေက monsters တွေကို လုံးဝလက်မခံဘူးလေ။ သူ Jeongyeon ကို အဖြစ်မှန်တွေပြောပြချင်တယ်။ ဒါပေမယ့် သူ့ကို အဖြစ်မှန်တွေသာ ပြောပြမယ်ဆိုရင် အကုန်လုံးကို ပြောပြရမှာလေ။ အဲ့ဒီအကုန်လုံးမှာ သူ့အဖေ monster hunter အကြောင်းပါ ပါလိမ့်မယ်။
Yoona က Jeongyeon တို့အိမ်ကိုရောက်သွားတယ်။ ဒါပေမယ့် ဒီအိမ်နားမှာ mortals တွေ ၅ ယောက်တောင် ရှိနေတော့ သူ့ရနံ့ကို ဖုံးကွယ်ပြီး ပုန်းနေရတယ်လေ။ ဒါပေမယ့်... သူ witch ရဲ့ ရနံ့ကို ခံစားမိလိုက်တယ်။ သူ ဟိုဒီကြည့်ပြီး witch ကို ရှာကြည့်ပေမယ့် ဘာမှမတွေ့ဘူးလေ။ ခဏနေတော့ ပျောက်သွားတယ်။ ဒီအနားကနေ witch တစ်ယောက် ဖြတ်သွားတယ်လို့ပဲ ထင်လိုက်တယ်။
Yoona လည်း အိမ်နားကလူတွေကိုပဲ သေချာကြည့်လိုက်တယ်။ အဲ့ဒီမှာသေချာသွားတယ်လေ။ သူတို့တွေ အကုန်လုံးက monster hunters တွေလေ။ သူတို့တွေက Jeongyeon ဆီလာကြတယ်။ သူတို့တွေအကုန်လုံးက အန္တရာယ်ဖြစ်လာကြမယ်လေ။
ဒီအခြေအနေက အရမ်းကို စိတ်ရှုပ်စရာကောင်းပြီး ရှုပ်ထွေးနေတဲ့အခြေအနေတွေလေ။ Jeongyeon ကို ကိစ္စတွေအကုန်လုံးရှင်းပြလည်း သူလက်ခံဖို့အတွက်က လွယ်ကူမှာမဟုတ်ဘူးလေ။

KAMU SEDANG MEMBACA
Forbidden Spells
Fiksi Penggemar임나연 (Im Nayeon) 유정연 (Yoo Jeongyeon) 김태연 (Kim Taeyeon) 임윤아 (Im Yoona)