Nayeon က Sunny ကို ခေါ်ဖို့ထွက်သွားတယ်။ Jeongyeon က Sunny သူ့အမေကို ဘယ်လိုကူညီနိုင်မလဲဆိုတာကို နားမလည်နိုင်ဘူး။ ဒါပေမယ့်လည်း သူ ဘယ်လိုကယ်မလဲဆိုတာကို ဂရုမစိုက်ဘူးလေ။ သူ့အတွက်က သူ့အမေ အကောင်းအတိုင်းပြန်ဖြစ်ရင်ရပြီလေ။ သူ သူ့အမေကို လက်မလွှတ်နိုင်သေးဘူးလေ။ သူ သူ့မိန်းမဆုံးသွားတုန်းကကော သူ့အဖေဆုံးသွားတုန်းကကော ရင်တွေအရမ်းကို နာကျင်ခဲ့ရပြီးပြီလေ။ သူနဲ့ သူအဖေက မတူညီတဲ့အတွေးတချို့ရှိခဲ့ပေမယ့် သူ သူ့အဖေကိုတော့ ချစ်တယ်လေ။ ဒါပေမယ့်လည်း သူတို့တွေ မတူညီခဲ့တဲ့အတွေးကလည်း တစ်ခုတည်းပါပဲ။ magic. သူ့အဖေက magic ကို အရမ်းမုန်းတာလေ။ ဒါပေမယ့် Jeongyeon ကတော့ magic ရဲ့ ပရိတ်သတ် ပြီးတော့ သူ အကြိုက်ဆုံး magician က AD လေ။ သူ AD ရဲ့ magic show က နောက်နေ့ရွှေ့သွားတာကို သွားသတိရလိုက်တယ်။ ဒါပေမယ့် သူ့အမေ နေမကောင်းသေးရင် သူ တက်လို့မရဘူးဆိုတာကို သတိရလိုက်တော့ သက်ပြင်းချလိုက်တယ်
သူ့ ph လာတော့ ကြည့်လိုက်တယ်။ သူ့အဖေတုန်းကတည်းက လုပ်ခဲ့တဲ့သူလေ။ သူ့အတွက်ကတော့ အကြံပေးဆိုလည်းဟုတ်တယ်လေ။ Jeongyeon ကို အလုပ်နဲ့ပတ်သတ်ပြီး ဆုံးမနိုင်တာလည်း သူတစ်ယောက်ပဲရှိတယ်။
<"oppa, မနေ့က ကိစ္စအတွက်ပြောမယ်ဆိုရင်တော့ သမီးမှာ ပြောပြချင်စိတ်မရှိဘူး။"
"နင်က ပြောချင်စိတ်မရှိဘူး?!! Jeongyeon နင် စိတ်ကောမှန်သေးရဲ့လား?! လူတွေက နင့်ကို မုန်းနေကြပြီ။ သူတို့က နင် Yerin ကို သစ္စာဖောက်ခဲ့တယ်လို့ထင်နေကြတာ။ သူတို့က နင့်ကို လူရှေ့သူရှေ့မှာ Yerin ကို တောင်းပန်စေချင်နေကြတယ်။"
"ဘာ?!! Oppa, သမီးက စိတ်မှန်ပါတယ်။ စိတ်မမှန်တာက သူတို့တွေ။ Yerin ကသာ သမီးကို လာတောင်းပန်ရမှာ။ အကယ်၍ သမီးက လူထုကို တောင်းပန်စရာရှိတယ်ဆိုရင် အဲ့ဒါက သမီးမှာ မိန်းမနဲ့ ကလေးရှိတယ်ဆိုတာကို လိမ်ထားတာပဲ!"
"အဲ့ဒီတော့ အဲ့ဒါတွေအကုန် အမှန်တွေပဲပေါ့? နင်က ဒီကိစ္စတွေကို ငါနဲ့တောင်မတိုင်ပင်ပဲ လုပ်ခဲ့တယ်? ပြီးတော့ Jeongyeon လူတွေက နင့်မှာ မိန်းမနဲ့ ကလေးရှိတာကို ဂရုမစိုက်ဘူး။ သူတို့က နင် Yerin နှလုံးသားကို ကစားနေတာကိုပဲ အာရုံစိုက်နေကြတာ။ သူတို့အတွက်က Yerin က ခံရသူပြီးပြီး နင် သူ့ကို တောင်းပန်တာကိုပဲ လိုချင်နေကြတာ။"
KAMU SEDANG MEMBACA
Forbidden Spells
Fiksi Penggemar임나연 (Im Nayeon) 유정연 (Yoo Jeongyeon) 김태연 (Kim Taeyeon) 임윤아 (Im Yoona)
