"Tae, ဘာဖြစ်လို့လဲ?" Yoona က Taeyeon သူ့ရှေ့မှာရှိတဲ့ scepter ကို မယူပဲနဲ့ကြည့်နေတော့မေးလိုက်တယ်။
Taeyeon က သူ့စိတ်ထဲမှာ ဒီကိစ္စတွေက ဖြေရှင်းရတာ အရမ်းကို မြန်ဆန်ပြီးလွယ်ကူနေတော့ စိတ်ထဲ တမျိုးဖြစ်နေမိတယ်။ သူ စိတ်ခြောက်ခြားနေတာလား ဒါမှမဟုတ် သူ့မသိစိတ်ကပဲ သတိပေးနေတာလားဆိုတာ သူနားမလည်နိုင်ဖြစ်နေတယ်။
"ဘာမှမဖြစ်ပါဘူး Yoongie, ငါက ဒီအတိုင်း scepter ရဲ့ အခြေအနေကို စစ်ဆေးကြည့်နေတာပါ။"
"အင်း အဲ့ဒါဆိုလည်း scepter ကိုယူပြီး နန်းတော်ကိုပြန်ရအောင်လေ။" Yoona က Taeyeon နားနားကို ကပ်ပြောလိုက်တယ်။
Lee "ဘာဖြစ်လို့ scepter ကို ဒီအတိုင်းငေးကြည့်နေတာလဲ? ကြောက်လို့လား?"
Taeyeon လည်း Lee ပြောတာကို မသိချင်ယောင်ဆောင်ပြီး scepter ကို ယူလိုက်တယ်။ ပြီးတော့ နန်းတော်ထဲကို ချက်ချင်း flash လုပ်လိုက်တယ်။
နန်းတော်ထဲရောက်လို့ကြည့်လိုက်တော့ Jessica က Taeyeon ရဲ့ Queen ထိုင်တဲ့ ပလ္လင်ပေါ်မှာထိုင်နေတာကို တွေ့လိုက်တယ်။
"wow, ဒီလောက်ထိ လွယ်ကူပြီး မြန်မြန်နဲ့ပြီးလိမ့်မယ်လို့ငါမထင်ထားဘူး။ အခု အကုန်ပြီးပြီဆိုတော့ အကုန်လုံးကို ဆင့်ခေါ်ပြီး AD ဒီထဲရောက်နေကြောင်းကြေငြာလိုက်ပါလား?"
"Sica-ah, ငါတို့ အဲ့ဒီလိုလုပ်လို့မဖြစ်ဘူး။ အဲ့ဒီလိုလုပ်လိုက်ရင် အကုန်လုံး ကြောက်လန့်ကုန်လိမ့်မယ်။ ပြီးတော့ AD အကြောင်းမသိသေးတဲ့ wizard အငယ်လေးတွေလည်းရှိသေးတယ်။"
"nae nae သိပါပြီ my Queen." Jessica က ရိသဲ့သဲ့အသံနဲ့ပြောလိုက်တယ်။
Taeyeon "ကျန်တဲ့သူတွေကော?"
"Sunny နဲ့ Sooyoung ကတော့ သူတို့မိသားစုဆီသွားတယ်။ Nayeon, Jeongyeon နဲ့ Chaeyoung ကတော့ သူတို့ကို အဖြေပေးနိုင်မယ့်စာအုပ်ကို စာကြည့်တိုက်မှာသွားရှာနေတယ်။"
Yoona "ဘာအဖြေလဲ?"
"Chaeyoung က မတော်တဆ Nayeon ရဲ့ wand ကို သုံးလိုက်တာ သုံးလို့ရသွားတယ်။ အဲ့ဒီတော့ သူတို့က အဲ့ဒါအတွက် အဖြေလိုချင်နေကြတယ်။"
Taeyeon ရဲ့ အတွေးထဲမှာ 'အကယ်၍ သူကသာ pure wizard ဆိုရင် အဲ့ဒီလိုမျိုး သူများ wand ကို သုံးနိုင်တာ မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး။ အဲ့ဒီလိုသုံးနိုင်ဖို့ဆိုရင် အဲ့ဒီလူရဲ့ မျိုးရိုးထဲမှာ mortal သွေး တစ်စက်ကလေးတောင် မပါရဘူးလေ။ Nayeon ဘက်ကိုကြည့်မယ်ဆိုရင် Nayeon ဆီမှာ လုံးဝ mortal သွေးမရှိဘူးလေ။ ငါကော Yoongie ကောရဲ့ မျိုးရိုးက pure wizards တွေပဲဆိုတော့။ ဒါပေမယ့် Jeongyeon... Jeongyeon ရဲ့ အဖေက mortal မဟုတ်ဘူးလား?'

YOU ARE READING
Forbidden Spells
Fanfiction임나연 (Im Nayeon) 유정연 (Yoo Jeongyeon) 김태연 (Kim Taeyeon) 임윤아 (Im Yoona)