Chapter - 17

423 31 1
                                    

Sooyoung က လွန်ခဲ့တဲ့ မိနစ်အနည်းငယ်လောက်ကတည်းက Sunny ကို ကြည့်နေမိတယ်။ သူ့ စိတ်ထဲမှာ Sunny ကို လှတယ်လို့စဉ်းစားနေမိလိုက်လို့အဲ့ဒီအတွေးကို ဖျက်ပစ်ဖို့ကြိုးစားနေတယ်။ သူဘာလို့ အဲ့ဒီလိုဖြစ်နေမှန်းလဲ သူ နားမလည်နိုင်ဖြစ်နေတယ်။ ဒါပေမယ့် သူ Sunny ကိုပဲ ကြည့်နေမိတာက လှလို့မဟုတ်ပဲ Sunny က တရားထိုင်နေသလိုမျိုး ကုတင်ပေါ်မှာ မျက်လုံးမှိတ်ပြီး အသံတိတ်ထိုင်နေတယ်။

"Sunny, နင် ဘာလုပ်နေတာလဲ?"

Sunny မျက်လုံးဖွင့်လိုက်ပြီး သက်ပြင်းချလိုက်တယ်။

"ငါက ငါ့မိသားစုအတွက်တော့ တကယ့်ကို မဖြစ်ထွန်းတာပဲ။" Sunny က ခေါင်းငုံ့ပြီးပြောလိုက်တယ်။

"ဟင်? နင် ဘာပြောတာလဲ? ငါသိသမျှထဲမှာ နင်က ဥာဏ်အကောင်းဆုံးပဲ Soonkyu."

"ဟုတ်တယ်။ ငါက ဥာဏ်ကောင်းတယ်။ ဒါပေမယ့် ငါ့မိသားစုမျှော်လင့်ထားသလောက် ဥာဏ်မကောင်းဘူး။ ငါ ဘာလုပ်လုပ် ငါ့အမက ငါ့ထက်ပိုတော်တယ်။"

"နင့်အမ? သူက မွေးစားခံထားရတာမဟုတ်ဘူးလား?"

"ဟုတ်တယ်။ သူက ငါ့အဖေညီရဲ့ သမီး ငါ့အဖေနဲ့ အမေက မွေးစားထားတာ ပြီးတော့ ငါကမဟုတ်ဘူးး။ ငါက ငါ့မိသားစုအမွေဆက်ခံသူဖြစ်ရမှာလေ။ ဒါပေမယ့် သူက ငါ့ထက်ပိုပြီးဥာဏ်ကောင်းတယ်။ ပြီးတော့ သူက ငါ့မိဘတွေလိုပဲ သူ့ရဲ့ special power ကို ရှာတွေ့နေပြီ။"

"နင် ဒီလောက်ထိ ခံစားလွယ်မယ်လို့ ငါမထင်ထားဘူး။"

"ani, မဟုတ်ပါဘူး။ ငါ အမြဲတမ်း ငါ့မိသားစုမှာ ယှဉ်ပြောခံနေရတာကို အသားကျနေပါပြီ။ အဲ့ဒါကြောင့်လည်း ငါ နန်းတော်ထဲမှာနေပြီး Princess ကို သင်ဖို့ရွေးချယ်ခဲ့တာလေ။ တခြားသူတွေက ငါ့ကို ဥာဏ်အကောင်းဆုံးလို့ ထင်ပေမယ့် ငါ့ မိသားစုအမြင်မှာတော့ အဲ့ဒီလောက်မတော်ပါဘူး။ ငါပြောချင်တာက ငါသာ ငါ့ရဲ့ special power ကို ရှာတွေ့ပြီဆိုရင် ငါတို့ wizard world ကိုသွားပြီး အချက်အလက်တွေရှာစရာမလိုတော့ဘူး။ ငါ ဒီအတိုင်း magic သုံးပြီးရှာလို့ရမှာလေ။ အခုတော့ အဲ့ဒီလိုမဟုတ်ဘူး။" Sunny ပြောပြီး အိပ်ယာပေါ်လှဲလိုက်တယ်။

Forbidden SpellsUnde poveștirile trăiesc. Descoperă acum