အခုအချိန်ဟာဆိုရင် mortal world ရဲ့ မနက်ခင်းချိန်ခါလေးပါ။ Sooyoung နဲ့ Sunny က Wizard World ကို ပြန်ဖို့ သွားနေတဲ့လမ်းမှာလေ။ Wizard World မှာဆိုရင်တော့ အခုချိန်ဟာ ညဖြစ်နေနိုင်တယ်။ သူတို့တွေက အဲ့ဒီကို သွားရတာ အရမ်းကို ဂရုစိုက်ရတယ်လေ။ ဘာလို့လဲဆိုတော့ အဲ့ဒီမှာ Queen မရှိဘူးလေ။ ကောင်စီဝင်တွေကပဲ အုပ်ချုပ်နေချိန်ဆိုတော့ သူတို့တွေက စည်းမျဉ်းတွေကို အရမ်းကို တင်းကျပ်တယ်လေ။ အထူးသဖြင့် mortals တွေနဲ့ ပတ်သတ်တဲ့ ကိစ္စတွေဆိုရင်ပေါ့။ အကယ်၍ သူတို့တွေသာ အပြင်ထွက်ပြီး mortals တွေနဲ့ စကားပြောတယ်ဆိုတာကို သိရင် သူတို့တွေရဲ့ wands တွေအသိမ်းခံရမှာလေ။ အဲ့ဒီလိုသာဖြစ်သွားရင် သူတို့တွေ ဒီပြဿနာတွေကို ဘယ်လိုမှ ဖြေရှင်းလို့ရမှာမဟုတ်တော့ဘူး။
"နင် လုပ်လိုက်တဲ့ကိစ္စကိုသာ Princess သိသွားရင် သူ ငါတို့ကို သတ်လိမ့်မယ်။" Sooyoung က သူတို့နှစ်ယောက်ကို Wizard World ထဲရောက်အောင် Sunny က ပို့ပြီးပြီးချင်းပြောလိုက်တယ်။
"ဒါက သူ့အတွက်လုပ်တာလေ။ သူ သူ့ wand ကို သူ့မိဘတွေပေါ်မှာ မသုံးတာသေချာအောင်လုပ်ရမယ်။ သူ ဒီထက်ပိုဆိုးတဲ့ ကိစ္စတွေဖြစ်အောင်လုပ်မိသွားနိုင်တယ်။" Sunny က ပြောလိုက်တယ်။ တကယ်တော့ Sunny က Nayeon ရဲ့ wand နဲ့ Yoona ရဲ့ wand ကို လဲလိုက်တာလေ။ အဲ့လိုဆိုရင် သူ ဘာ spell မှ လုပ်လို့မရတော့ဘူးလေ။
"ဟုတ်သားပဲ။ သူ အဲ့ဒါကို အသုံးပြုတော့မှ သူ့ဟာမဟုတ်မှန်းသိမှာပဲလေ။"
"အဲ့ဒါ ငါပြောချင်တာပေါ့။" Sunny ပြောပြီး သူတို့သွားရမယ့်နေရာကို ဆက်သွားလိုက်တယ်။ အခုအချိန်မှာ နန်းတော်ကြီးက ဘာမှ သုံးလို့မရဘူးဖြစ်နေတယ်။ ကောင်စီအဖွဲ့ဝင်တွေက Wizard City နဲ့ မလှမ်းမကမ်းက အဆောက်အဦးကြီးမှာ scepter ကို ထိန်းသိမ်းစောင့်ရှောက်နေကြတယ်။ နတ်သမီးလေးတွေလည်း ရှိနေတာကို သူတို့သတိထားမိလိုက်တယ် ဘာလို့လဲဆိုတော့ သစ်ပင်တွေက ညအမှောင်မှာ အလင်းလေးတွေရှိနေတယ်လေ fireflies တွေ ရှိနေသလိုမျိုး။
Sooyoung "Dark Forest က သူ့အရောင်တွေ ပျောက်သွားတာ အံ့သြစရာမရှိတော့ပါလား။"
Sunny "သူတို့တွေက witches တွေ mortal world က ပိုပြီးနေထိုင်ကောင်းတယ်လို့မထင်ခင်မှာ dark forest ကို ပြန်သွားမှဖြစ်မယ်။ မဟုတ်ရင် witches တွေအကုန်လုံးက mortal world ကို အုပ်စိုးသွားလိမ့်မယ်။"

YOU ARE READING
Forbidden Spells
Fanfiction임나연 (Im Nayeon) 유정연 (Yoo Jeongyeon) 김태연 (Kim Taeyeon) 임윤아 (Im Yoona)