Chapter - 19

317 27 2
                                        

Sunny နဲ့ Sooyoung နဲ့က မြို့ထဲမှ နေဖို့နေရာတစ်နေရာကို ရှာတွေ့လိုက်တယ်။ သူတို့ လူတွေများတဲ့နေရာမှာ နေမှဖြစ်တော့မှာလေ။ ဘာလို့လဲဆိုတော့ လူတွေများရင် သူတို့ကို ရန်သူတွေက mortals တွေမသိအောင် တိုက်ခိုက်လို့မရဘူးလေ။ အဲ့ဒီလိုဆိုလို့လည်း သူတို့တွေ အန္တရာယ်ကင်းနေတာလည်းမဟုတ်ဘူး။

အခု ညရောက်သွားပြီလေ။

Sooyoung "ဒီမှာ အချိန်ကုန်တာ အရမ်းမြန်သလိုပဲ။ ငါတို့ ကမ္ဘာကြီးကို သတိရလိုက်တာ။"

Sunny "ငါတို့ အဲ့ဒီလိုပြန်ဖြစ်တော့မှာပါ။ ငါ ခံစားမိတယ်။"

Sooyoung "ဒါနဲ့ နင့်ကြည့်ရတာ မပျော်သလိုပဲ။ ဘာလို့လဲ?"

"ငါလည်း ပျော်တာပေါ့။ ဒါပေမယ့် ငါနဲ့ ငါ့မိသားစုအခြေအနေတွေက ပြောင်းလဲသွားမှာမှမဟုတ်တာ။"

"နင်က အဲ့ဒီလိုပြန်နေအုံးမှာပေါ့?"

"ငါအမြဲတမ်းအဲ့ဒီလိုမဟုတ်ပါဘူး။"

Sooyoung rolled her eyes "နင်သိလား နင်က တခြားသူတွေဂရုမစိုက်လည်းပဲ အခြေအနေတွေဘယ်လိုရှိတယ် ဘာတွေကြောင့်ဖြစ်နေတယ်ဆိုတာတွေကို ရှင်းပြနေတာကို မကြိုက်ဘူး။ ဒါပေမယ့် အခုလိုမျိုး နေနေတာထက်စာရင်တော့ အဲ့ဒီတုန်းကကိုပိုသဘောကျတယ်။"

ပုံမှန်ဆိုရင် Sunny က သူ့ကို ရွဲ့ပြောတယ်ဆိုပြီး စိတ်ဆိုးမှာဖြစ်ပေမယ့် အခုက သူ့ကို စိတ်ပျော်အောင်လုပ်ပေးနေမှန်းသိတော့ "gomawo."

"ဟင်? ဘာအတွက်လဲ?" Sooyoung မျက်လုံးပြူးပြီးမေးလိုက်တယ်။

"ဂရုစိုက်ပေးလို့? နင်ငါ့ကို သဘောမကျဘူးဆိုတာကိုသိပါတယ်။ ဒါပေမယ့် နင်အမြဲတမ်း ငါ့စကားနားထောင်ပေးပြီး နှစ်သိမ့်ပေးတယ်လေ။" Sunny ပြောပြီး ပြုံးပြလိုက်တယ်။

"mwo? နင်က ထူးထူးဆန်းဆန်းတွေလုပ်နေတယ် Soonkyu. ငါတို့က ငယ်ငယ်လေးတုန်းကတည်းက သူငယ်ချင်းတွေလေ။ ဘယ်လိုလုပ်ပြီး နင့်ကို ငါသဘောမကျဘူးလို့ထင်ရတာလဲ?"

"အဲ့ဒီတော့ ငါ့ကို သဘောကျတယ်ပေါ့?"

"ဟ-ဟင်? ငါ နင့်ကိုသဘောကျပါတယ်။ ဒါပေမယ့် နင်တွေးနေသလိုမဟုတ်ဘူး။" Sooyoung ပြောပြီး မျက်နှာလွှဲလိုက်တယ်။

Forbidden SpellsWhere stories live. Discover now