Chapter - 28

413 34 3
                                    

Witches တွေနဲ့ တိုက်ခိုက်နေတဲ့ Jessica, Yoona နဲ့ Sunny တို့လည်း အရမ်းကို ပင်ပန်းနေကြပြီလေ။ ပြီးတော့ သူတို့ဆီကို ကူညီဖို့ရောက်လာတဲ့ Jeongyeon လည်း ကူညီတိုက်ခိုက်ပေးရင်းနဲ့ ပင်ပန်းသွားပြီလေ။ Chaeyoung ကလည်း သူတတ်သလောက်နဲ့ လိုက်တိုက်ခိုက်ပေးနေတယ်လေ။ Jessica က သူ့ဆီမှာ scepter ရှိပေမယ့်လည်း သူက အဲ့ဒါကို ဘယ်လိုအသုံးပြုရမလဲဆိုတာကို မသိတဲ့အတွက် သူ အဲ့ဒါကို သုံးလို့မရဘူးဖြစ်နေတယ်လေ။

Jessica "Sunny-ah, Sooyoung ကော ဘယ်မှာလဲ?!"

"ငါ ရှာလို့မတွေ့သေးဘူး။ ဒီလိုတိုက်ခိုက်နေရင်းနဲ့ ငါ အာရုံစိုက်လို့မရဘူး။"

"သမီးအရမ်းပင်ပန်းနေပြီ" Chaeyoung က သူ့နှာခေါင်းကို ကာထားရင်းနဲ့ပြောလိုက်တယ်။

"Chaeyoung-ah, ဆက်သွားနေ။ အဲ့ဒီ witches တွေဆီက ထွက်လာတဲ့ အမှုန့်တွေကို မရှူမိစေနဲ့နော်။ သမီး အားတင်းထားမှရမယ်။" Yoona က Chaeyoung ကို ကာပေးနေရင်းနဲ့ပြောလိုက်တယ်။

သူတို့တွေ ဆက်မတိုက်ခိုက်နိုင်တော့ဘူးလေ။ လူဦးရေကလည်း မမျှသလို သူတို့အရမ်းကို ပင်ပန်းနေကြပြီလေ။

Sunny "မကောင်းတော့ဘူး။ ငါတို့ဒီအတိုင်းဆက်သွားရင် အားအင်တွေကကျန်ရှိမှာမဟုတ်တော့ဘူး။"

Yerin "ဟာ ပျော်စရာလည်း ကောင်းဘူး! သူတို့ကို သေအောင်သတ်!"

Witches တွေက witchcraft တွေကိုစပြီး chant လုပ်ကြတယ်။

Jeongyeon "ငါတို့ သူတို့ chant ရွတ်နေတုန်းမှာ တိုက်ခိုက်ရအောင်။"

Jessica "သူတို့ကို တိုက်ခိုက်လည်း အလဟသပဲဖြစ်လိမ့်မယ်။ သူတို့ကို စောင့်ကြပ်ပေးနေတဲ့ witches တချို့ရှိနေတယ်။"

Jeongyeon "ဒါပေမယ့် သူတို့ အခုရွတ်နေတာတွေကို ငါတို့ ပြီးအောင်ပေးရွတ်လို့မဖြစ်ဘူးလေ။"

Sunny "ငါတို့တော့... အဆုံးသတ်သွားတော့မယ်ထင်တယ်။"

Jeongyeon "မဖြစ်နိုင်ဘူး!!"

"ဟုတ်တယ် မဖြစ်နိုင်ဘူး။ အဆုံးသတ်ဖို့က အရမ်းကိုစောနေသေးတယ် Bunny" စကားသံနဲ့အတူ Sooyoung ရယ် သူ့တပ်ဖွဲ့တွေရယ် သူတို့နားကို ပေါ်လာကြတယ်။

Forbidden SpellsTempat cerita menjadi hidup. Temukan sekarang