Chapter - 22

351 35 7
                                        

Yoona က သူ့ရဲ့ စွမ်းအားတချို့ကို အိပ်ပျော်နေတဲ့ Taeyeon ဆီကို ပို့ပေးနေတယ်။

"နင့် အစ်မကတော်တော်လေးခေါင်းမာတာပဲ။" Yoona က Jessica ကို ပြောလိုက်တယ်။

"ဟုတ်တယ်။ နင့်ကြည့်ရတာ နင့်မိန်းမကော နင့်သမီးကောကို ကောင်းကောင်းသည်းခံနိုင်တယ်ထင်တယ်။"

"ဟုတ်တယ်။ ငါ့အထင်တော့ ငါ သူတို့ကို ချစ်လို့သည်းခံနိုင်တာထင်ပါတယ်။" Yoona ပြောပေမယ့် Jessica က ဘာမှပြန်မပြောတော့ "mianhae... ငါ မရည်ရွယ်..."

"ကိစ္စမရှိပါဘူး။ အရင်ကလောက် ငါ မနာကျင်တော့ပါဘူး။"

Yoona သက်ပြင်းချလိုက်ပြီး "sica-ah, ငါ တကယ့်ကို တောင်းပန်ပါတယ်။ တစ်နေ့နေ့မှာ နင့်ရဲ့ ဖူးစာရှင်ကို ရှာတွေ့ဖို့ကိုလည်း ငါ ဆုတောင်းပါတယ်။ ငါ့ထက်ပိုသာတဲ့သူပေါ့။"

"ငါ သေချာပေါက်ရှာတွေ့မှာပါ။ နောက်မှ နင်နောင်တရမနေနဲ့။"

Yoona ရီလိုက်ပြီး "ဘာလို့နောင်တရရမှာလဲ? ငါက နင့်အတွက် ဝမ်းသာပေးနေမှာ။"

"အင်းပါ နင်က နောင်တဘယ်ရမလဲ သူတို့ကို နင်ဘယ်လောက် ချစ်လဲဆိုတာကို ငါ တွေ့နေရတယ်လေ။ နင် အတိတ်မေ့နေတုန်းကတောင် သူတို့ကို ချစ်တဲ့အချစ်က ပျောက်မသွားဘူးလေ။"

"ဒါပေမယ့်လည်း နင့်ကြောင့်မဟုတ်ရင် ငါ Taeyeon နဲ့ တွေ့မှာမဟုတ်ဘူးလေ။ ပြီးနင့် နင့်ကြောင့်မဟုတ်ရင် ငါ Nayeon လေးကိုလည်း ရခဲ့မှာမဟုတ်ဘူး။"

"နင် ဘာကိုပြောတာလဲ?"

"နင် မှတ်မိလားမသိဘူး Taeyeon ရဲ့ မွေးနေ့တုန်းက နင်မလာနိုင်လို့ ဝိုင်ပုလင်းပို့ပေးလိုက်တယ်လေ။ အဲ့ဒီတုန်းက Taeyeon နဲ့ ငါ အတူတူသောက်ရင်းနဲ့ အမှားတွေလုပ်ခဲ့မိကြတယ်။"

"အဲ့ဒါကြောင့် နင် Taeyeon ကို ရွေးချယ်ခဲ့တာပေါ့?"

"hmm... အမှန်အတိုင်းပြောရရင် ငါ Taeyeon နဲ့ နှစ်ယောက်တည်း အတူတူအချိန်ဖြုန်းနေခဲ့ကတည်းက ငါ့ စိတ်တွေဝေဝါးလာခဲ့တယ်။"

"ငါ မရှိတဲ့အချိန်မှာ နင်သူ့ကိုချစ်မိသွားခဲ့တာပဲကို။ အင်းလေ ငါတို့က ဖူးစာမပါဘူးထင်ပါတယ်။ ဒါပေမယ့်လည်း ငါ တွေးမိတာက ဘာလို့ နင်တို့ကလေးက Nayeon တစ်ယောက်တည်းလည်းဆိုတာပဲ။" Jessica ပြောတော့ Yoona ရီလိုက်တယ်။

Forbidden SpellsTahanan ng mga kuwento. Tumuklas ngayon