Hello sones,
SNSD နဲ့ ပတ်သတ်တဲ့သတင်းတွေကြောင့် အရမ်းကို စိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ ဒီလိုမျိုး ဝမ်းနည်းရတဲ့အကြောင်းကို ရေးမလို့မဟုတ်ပါဘူး။ ဒီအတိုင်း ဒီအချက်ကလေးကို ပြောပြချင်လို့ပါ။
1. sones တွေက snsd ကို ချစ်တယ်။ ဟုတ်တယ်။ ပြီးတော့ သူတို့ကို တစ်သက်လုံး အတူတူရှိနေစေချင်တယ်။ ဒါပေမယ့် အဲ့ဒါကတော့ မဖြစ်နိုင်ဘူးလေ ဘာလို့လဲဆိုတော့ သူတို့က တစ်သက်လုံး အတူတူရှိမနေနိုင်ဘူးလေ။
2. sones တွေအနေနဲ့ သူတို့တွေကို အချင်းချင်း ship လုပ်ကြတယ်။ အဲ့ဒါက တကယ့်အစစ်မဟုတ်ဘူးဆိုတာကို တစ်ခါတစ်လေကျရင် မေ့သွားတတ်ကြတယ်။ ဒါက ငါတို့တွေရဲ့ ထင်ယောင်ထင်မှားဖြစ်မှုတွေပဲလေ။ reality is a bitch, right?
3. သူတို့တွေက သူတို့တွေအတွက် အကောင်းဆုံးဘာဖြစ်မလဲဆိုတာကို အသိဆုံးပါ။ ငါတို့ လုပ်နိုင်တာက သူတို့တွေကို အမြဲတမ်း အားပေးပေးကြဖို့ပဲလေ။
4. ငါတို့တွေသိထားရမှာက တစ်နေ့နေ့မှာ snsd ခေါ် girls' generation ဆိုတာ ရှိတော့မှာ မဟုတ်ဘူးဆိုတာပဲ။ သူတို့တွေလည်း တစ်နေ့ထက်တစ်နေ့ အသက်ကြီးလာကြပြီး လက်ထပ်ကြမယ်။ ဒီ အနုပညာလောကကို ထားခဲ့ကြပြီး သူတို့တွေရဲ့ ဘဝကို လျှောက်လှမ်းကြမယ်။ အဲ့ဒီအခါကြရင် ငါတို့ဘာလုပ်ကြမလဲ? ငါတို့တွေ အဲ့ဒါအတွက်ကိုလည်း အဆင်သင့်ပြင်ထားရမယ်လေ။ သူတို့တွေကလည်း ငါတို့လိုမျိုး သာမန်လူသားတွေပဲလေ... ငါတို့တွေ... သူတို့တွေ... အကုန်လုံးက အတူတူတွေပဲလေ။
5. သူတို့ကို ပျော်ရွှင်ခွင့်ပေးလိုက်ပါ။ ဒါက သူတို့ဘဝတွေလေ။ သူတို့ရဲ့ ပျော်ရွှင်မှုကို သူတို့ပဲ ပိုင်ဆိုင်ကြတယ်။ အဲ့ဒီတော့ ငါ့လိုမျိုး authors တွေလည်း fic တွေ မရေးတော့ဘူးဆိုပြီး ရပ်လိုက်တာမျိုး မလုပ်ပါနဲ့။ ငါတို့အကုန်လုံးသိကြတယ်လေ ဒါတွေက စိတ်ကူးယဉ်မှုသပ်သပ်ပဲလေ ဒီကိစ္စအတွက်ကြောင့်နဲ့ အရမ်းကြီးကို ဝမ်းနည်းပြီး ရှိသမျှအလုပ်အကုန်ရပ်တန့်ထားစရာမလိုပါဘူး။ ငါတို့တွေ ဒီအတိုင်း fic လေးတွေ ဆက်ရေးပြီး ငါတို့ရဲ့ စိတ်ကူးယဉ်ကမ္ဘာလေးမှာ ပျော်ရွှင်နေကြတာပေါ့။
ဒီလိုတွေ ပြောနေလို့လည်း ဒေါသမထွက်ပါနဲ့။ ငါလည်း ဝမ်းနည်းတာပေါ့။ ငါလည်း GG ကို 2008 ကတည်းကနေ စကြိုက်ခဲ့ပြီး အဲ့ဒီအချိန်ကနေစပြီး အခုထိ အမြဲတမ်းအားပေးနေခဲ့တာလေ။ အဲ့ဒီတုန်းက kpop ဆိုတာလည်း ဘယ်သူမှ သိပ်မသိကြသေးဘူး။ ကိုယ့်ဖာသာကိုယ် GG ကို ကြိုက်ပြီး ကိုယ့်ကမ္ဘာလေးနဲ့ ကိုယ်နေထိုင်ခဲ့တယ်။ အခုနောက်ပိုင်း ထွက်တဲ့အခြားအဖွဲ့တွေကို ကြိုက်တယ်ဆိုပေမယ့် GG ကို မေ့သွားတယ်ဆိုတာ ဘယ်တော့မှမရှိဘူး အမြဲတမ်း sone တစ်ယောက်ဖြစ်နေခဲ့တယ်။ တစ်နေ့ကို GG video တွေ သီချင်းတွေနားမထောင်ရရင် မနေနိုင်ဘူး။
ဒါပေမယ့်လည်း ကိုယ်က ဖြစ်စေချင်တာနဲ့ပဲ သူတို့ ဆုံးဖြတ်ချက်ကို အလေးမထားလို့မရဘူးလေ။ သူတို့လည်း ဒီလိုမျိုးဆုံးဖြတ်ချက်တွေချဖို့ဆိုတာက အရမ်းကို ပင်ပန်းခဲ့မှာပဲလေ။ ပြီးတော့ တကယ်ဘာတွေဖြစ်လဲဆိုတာကို သေချာမသိပဲနဲ့ သူများတွေကို အပြစ်တွေလိုက်ပြောနေတာလည်း မကောင်းပါဘူး။ငါကတော့ Tiffany, Sooyoung, Seohyun နဲ့ Jessica တို့ကို သူတို့တွေ ရွေးချယ်ဆုံးဖြတ်ပြီး လျှောက်လှမ်းတဲ့လမ်းမှာ ပျော်ရွှင်ပါစေလို့ပဲ ဆုတောင်းမိတယ်။ ပြီးတော့ အခု အသစ် OT5 ကိုလည်း သူတို့ ဆက်လျှောက်တဲ့လမ်းမှာ ပျော်ရွှင်စေချင်တယ်။ ငါ သူတို့ကို အဖွဲ့လိုက်ကော တစ်ယောက်ချင်းစီကောချစ်တယ်။
Girls' Generation will always be OT9 in my heart forever.
5 in our eyes, 9 in our heart!I will support whatever road they choose.
Expect for my update soon!!!!

ESTÁS LEYENDO
Forbidden Spells
Fanfiction임나연 (Im Nayeon) 유정연 (Yoo Jeongyeon) 김태연 (Kim Taeyeon) 임윤아 (Im Yoona)