Yoona တစ်ယောက် Jessica ရဲ့ သူငယ်ချင်း Yerin ရဲ့ တိုက်ခန်းကို ရောက်နေတယ
"ကြည့်ရတာ နင်တို့ အေးအေးဆေးဆေး စကားပြောဖို့လိုမယ်ထင်တယ်။ ငါ ကားထဲမှာစောင့်နေမယ် Jessica."
Jessica က သူ့ကို အရမ်းလည်း ဂရုစိုက်တယ်။ ပျော်ပျော်ရွှင်ရွှင်လည်းနေတတ်တယ်လေ။ ဒီ ၃ ရက်အတွင်းမှာ Yoona သူနဲ့ နေရင်းနဲ့ အဲ့ဒီအချက်တွေကို သတိထားမိလိုက်တယ်။ သူ့ကိုလည်း ကူညီပေးလို့ Jessica ကို အရမ်းကျေးဇူးတင်နေမိတယ်။
Yoona က သူ ထူးဆန်းနေတာတစ်ခုက သူ သူ့နာမည်ကလွဲပြီး ဘာကိုမှ မမှတ်မိဘူးဖြစ်နေတယ်လေ။
Yoona တစ်ယောက် ကားနားကိုလျှောက်သွားပြီး ကားထဲဝင်မလို့ပဲရှိသေးတယ်
"omma!!"
Yoona တစ်ယောက် ခေါ်သံကြားလို့ နောက်လှည့်ကြည့်လိုက်တော့ ကောင်မလေး ၃ ယောက်ကို တွေ့လိုက်တယ်။ သူတို့တွေ တခြားသူကို ခေါ်တာများဖြစ်မလားဆိုပြီး ဟိုဒီကြည့်ပေမယ့် သူ့နားမှာ တခြားဘယ်သူမှ မရှိဘူး။
"ဟို... ဒီမှာ... ငါ့ကို ပြောနေတာလား?" Yoona က မေးလိုက်တယ်။
"nae omma. သမီးက omma ကို နေရာစုံမှာ လိုက်ရှာနေတာ။" ကောင်မလေးတစ်ယောက်က Yoona ကို ရုတ်တရက် ဖက်ပြီးပြောလိုက်တယ်။
Yoona ကလည်း သူမသိတဲ့ကောင်မလေးက သူ့ကို ဖက်လိုက်တော့ လန့်သွားပြီး "ဟို... ငါ့အထင်တော့ နင် လူမှားနေတယ်ထင်တယ်။" ပြောပြီး ကောင်မလေးကို ဖြည်းဖြည်းတွန်းဖယ်လိုက်တယ်။
အဲ့ဒီကောင်မလေးက မျက်ရည်တွေဝဲလာတော့ Yoona လည်း စိတ်မကောင်းဖြစ်သွားတယ်။
"ဒါပေမယ့် ဒီက ငါ့ omma လေ။" အဲ့ဒီကောင်မလေး နှုတ်ခမ်းဆူပြီးပြောလိုက်တယ်။
"ဟို... ငါက အတိတ်ကို မမှတ်မိဘူးဖြစ်နေတယ်။ အကယ်၍ နင်က ငါနဲ့သိတဲ့သူဆိုရင် ငါ့ကိုပြောပြပါ။ ငါက နင့် omma လို့ပဲ ဆက်ပြောနေရင်တော့ ငါ ယုံမှာ မဟုတ်ဘူး။ ငါ့ကို သေချာကြည့်လေ။ ငါတို့က အသက်သိပ်ကွာတဲ့ပုံမပေါ်ဘူး။ ငါက နင့် omma မဖြစ်နိုင်ဘူး။"
"ဟို... ဒီလိုပါ Lady Yo... ငါပြောတာက Yoongie. သူက နင့်သမီးမဟုတ်ပါဘူး။ သူ ဒီအတိုင်း စနေတာ။"
![](https://img.wattpad.com/cover/120881856-288-k149938.jpg)
ESTÁS LEYENDO
Forbidden Spells
Fanfic임나연 (Im Nayeon) 유정연 (Yoo Jeongyeon) 김태연 (Kim Taeyeon) 임윤아 (Im Yoona)