"ဒီနေ့ နင့်ကြည့်ရတာပျော်နေသလိုပဲ။" Yerin က AD ရဲ့ အခန်းထဲကိုဝင်လာတယ်။ ခဏနေရင် ပွဲက စတော့မှာလေ။
AD က မျက်နှာဖုံးစွပ်ရင်းနဲ့ "ဘာကိစ္စရှိလို့ရောက်လာတာလဲ witch သူငယ်ချင်း?"
Yerin "နင်ကလည်း half-witch ပဲလေ wandless wizard."
"ကြည့်ရတာ စကားကောင်းကောင်းပြောချင်နေတဲ့ပုံစံမဟုတ်ပါလား။ မနေ့ညတုန်းက full moon ဖြစ်နေလို့လား?"
"ani, Jeongyeon ရဲ့ မိသားစုကို curse လုပ်တာ မအောင်မြင်လို့လေ။"
"မအောင်မြင်ဘူး? ဘယ်လိုဖြစ်လို့မအောင်မြင်သွားတာလဲ?"
"ပထမညတုန်းက ငါ Mrs. Yoo ကို curse လုပ်နေတုန်း wizards ၂ ယောက်ရောက်လာတယ်လေ။ မနေ့တုန်းက သူ့ကလေးကို curse လုပ်သေးတယ် ဒါပေမယ့် သူ ထွက်ပြေးသွားတယ်။"
"အဲ့ဒီတော့ နင် wizards ၂ ယောက်နဲ့ ကြုံတွေ့ခဲ့တယ်ပေါ့?"
"imm, သူတို့ ဖြတ်သွားရင်းနဲ့ ငါ့ကို တွေ့သွားတယ်ထင်တယ်။ ငါကလည်း စိတ်ရှုပ်စရာတွေများနေတော့ ငါ့ ရနံ့ကို ဖုံးကွယ်ဖို့မေ့သွားတယ်လေ။"
"ဒါကတော့ နင့်အပြစ်ပဲလေ။ မှန်းကြည့်ရအောင်... နင်က ကလေးတွေနဲ့ ဘယ်လိုဆက်ဆံရမလဲဆိုတာကို မသိဘူး အဲ့ဒါကြောင့် အဲ့ကလေးက ကြောက်ပြီး ထွက်ပြေးသွားတာမလား?"
"ငါက ဘယ်လိုလုပ်ကလေးကို ထိန်းတတ်မှာလဲ။ ငါ ဒီနေရာမှာ နှစ်ပေါင်းရာချီပြီးနေလာတာ တစ်ခါမှ ကလေးတွေကို မထိန်းဖူးဘူး။"
Yerin ပြောတော့ AD ရီလိုက်ပြီး "နင် အသက်အရမ်းကြီးနေပြီ Yerin."
"နင်က ငါ့ထက်တောင်ပိုကြီးပါသေးတယ်။ နင်နေလာတာ နှစ်ပေါင်းထောင်ချီရှိနေပြီလေ။ Jessica ရယ် သူ့ကိုယ်သူ မမှတ်မိတဲ့ wizard ရည်းစားရယ်လိုမျိုးပဲ။"
"Yoona ကလည်း wizard လား?"
"ဟုတ်တယ်။ သူက ဂိတ်တံခါးစောင့် wizard."
"ကောင်းလိုက်တာ။ သူ့ဆီမှာကော wand ရှိလား?"
"ani, Jessica က သူ့ဆီမှာ wand ကို ရှာမတွေ့ဘူးတဲ့။ Taeyeon ဆီမှာ ရှိရင်ရှိနေမှာပေါ့။"
"The Queen?"
"ဟုတ်တယ်။ The Queen. နင် သိပြီးသားမေးခွန်းတွေ ထပ်ခါတစ်လဲလဲမေးမနေနဲ့!!"
VOUS LISEZ
Forbidden Spells
Fanfiction임나연 (Im Nayeon) 유정연 (Yoo Jeongyeon) 김태연 (Kim Taeyeon) 임윤아 (Im Yoona)
