Chapter - 26

323 34 1
                                    

"နင် စောင့်ကြည့်နေလည်း သူက အခုပြန်ထွက်လာမှမဟုတ်တာ။" Sooyoung က ပြောပြီး လေ့ကျင့်ဆောင်ထဲမှာ ရပ်နေတဲ့ Jessica ကို ပြောလိုက်တယ်။

Jessica "နင် ဘာတွေဖြစ်နေလဲဆိုတာကိုသိတယ်ပေါ့?"

"ငါက နည်းနည်းပါးပါးပဲသိတာပါ။ Sunny က ငါ့ကို အကုန်မပြောပြဘူး။ သူက ငါ့ကို AD က သေသွားပြီး ဒါပေမယ့် Yerin ကိုယ်ထဲကို သူ့ရဲ့ dark force ကို ထည့်ပေးခဲ့တယ်။ Queen Taeyeon ကလည်း အသက်ရှင်နေသေးတယ်။ ပြီးတော့ scepter ကလည်း ပျက်ဆီးသွားတာမဟုတ်ပဲ လုံခြုံတဲ့နေရာတစ်နေရာမှာ ရှိနေတယ်လို့ပြောတယ်။" Sooyoung ပြောပြီး Jessica ဘေးကို ဝင်ထိုင်လိုက်ပြီး "ဒါပေမယ့် ငါ သိချင်နေတာက နင် ဒီကိစ္စတွေကို ဘာလို့ Lady Yoona တို့ Princess Nayeon တို့ကို မပြောပြတာလဲဆိုတာကိုပဲ။ နင် scepter ကိုသာ Nayeon တို့ကို ပေးလိုက်ရင် ငါတို့အကူအညီရနိုင်တယ်။"

"scepter ကို Nayeon တို့ကို ပေးလိုက်ရုံနဲ့ ဘာမှပြောင်းလဲသွားမှာမဟုတ်ဘူး။"

Sooyoung "wae??"

FLASHBACK

Jessica က Jeongyeon ကောင်စီဝင်တွေနဲ့ မတွေ့ခင်မှာ Taeyeon ရယ် Sunny ရယ်နဲ့ တွေ့ခဲ့တဲ့အချိန်

Sunny "Your Highness, ကျွန်မ Queen ကို ပြောစရာရှိတယ်။ အကယ်၍ ကျွန်မမြင်တွေ့ခဲ့တာကသာ အနာဂတ်ဆိုရင် my Queen ဆုံးဖြတ်ချက်ချမှဖြစ်တော့မယ်။ ပြီးတော့လည်း အဲ့ဒီဆုံးဖြတ်ချက်ကလည်း မှန်မှဖြစ်မယ်။ ကျွန်မက ကျွန်မတို့ တိုင်းပြည်ကော Mortal world ကော အတွက် စဉ်းစားဖို့ပြောတာပါ။"

Taeyeon "ဘာကိုဆိုလိုတာလဲ?"

Sunny "ညတုန်းက ကျွန်မအိမ်မက်မက်ခဲ့တယ်။ ဒါပေမယ့် အဲ့ဒါက အိမ်မက်လား အနာဂတ်လားဆိုတာကိုတော့ ကျွန်မ အခုထိသေချာမသိသေးဘူး။"

Taeyeon "ဘာတွေ့ခဲ့လို့လဲ?"

"ကောင်စီဝင်တွေနဲ့ တွေ့တဲ့အခါကျရင် Jeongyeon က scepter ကို ထိရလိမ့်မယ်။ အဲ့ဒီထိတဲ့အချိန်ကျရင် ကျွန်မတို့ နန်းတော်ကြီးတစ်ခုလုံး dark magic တွေနဲ့ ဖုံးလွှမ်းသွားလိမ့်မယ်။"

Jessica "dark magic? AD ဆီကများလား?"

Sunny "အဲ့ဒါတော့ မသေချာပေမယ့် AD ဆီကဖြစ်နိုင်ခြေများပါတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီအချိန်မှာပဲ AD က သေမှာပါ။"

Forbidden SpellsDonde viven las historias. Descúbrelo ahora