Chapter - 15

480 34 4
                                    

Taeyeon POV

ငါ အပြင်ပန်းကြည့်ရင် အေးဆေးဖြစ်နေတယ်ထင်ရပေမယ့် တကယ်တော့ ငါ ဘာလုပ်ရမလဲမသိဘူး။

ငါ့မိသားစုဝင်တွေလည်း ဒီမှာရှိနေတော့ ငါသူတို့ကို မဖြစ်မနေကယ်တင်မှဖြစ်မယ်။ ဒါပေမယ့် AD ရဲ့ စွမ်းအားက အရမ်းကို ကြီးမားနေတယ်။ ဝန်ခံရရင် ငါ့စွမ်းအားထက်တောင်ပိုကြီးမားနေတယ်။

End of Taeyeon POV

Taeyeon က Nayeon ကို ကြည့်လိုက်တော့ သူ wand ထုတ်တော့မှာကို သတိထားမိလိုက်တယ်။

"Nayeon" Taeyeon ပြောပြီး Nayeon ကို ဖက်လိုက်တယ် "ဘာကိစ္စတွေပဲဖြစ်နေဖြစ်နေ wand ကို လုံးဝ ထုတ်မသုံးနဲ့။ သမီးလေးရဲ့ စွမ်းအားတွေကို ဖုံးကွယ်ထားရမယ်။" Taeyeon က တိုးတိုးလေးပြောလိုက်ပြီး ဖက်ထားရာကနေ ဖယ်လိုက်တယ်။

"Yah!! နင် သူ့ကို ဖက်ခွင့်မရှိဘူး!! သူ့ကို ငါပိုင်တယ်!!" Jeongyeon က Taeyeon နဲ့ဝေးရာကိုဆွဲလိုက်တယ်။

Nayeon ရဲ့ အကြည့်တွေက စိတ်ပူပင်နေတာကို သိလိုက်တော့ Taeyeon က "ငါ ပြောတဲ့အတိုင်းလုပ်နော်။"

"jagiya, သူ နင့်ကိုဘာတွေပြောလိုက်တာလဲ? နင်က ဘာကိုလုပ်ရမှာလဲ? နင် သူ့အတွက်နဲ့ ငါ့ကို မထားခဲ့ဘူးမလား?"

Taeyeon သက်ပြင်းချလိုက်တယ်။ သူ လက်ဖြောက်တီးလိုက်တော့ Jeongyeon နဲ့ Chaeyoung အိပ်ပျော်သွားတယ်။

Jessica "Yah, နင်ဘာလို့ Nayeon ကိုပါ အိပ်ပျော်အောင်မလုပ်တာလဲ?"

Taeyeon ဘာမှပြန်မပြောဘူး။ သူ Jessica ကို Nayeon က သူ့သမီးဖြစ်ပြီး Yoona က Nayeon ရဲ့အမေဆိုတာကို ပြောမပြချင်ဘူးလေ။

AD "ကြည့်ရတာ အဲ့ဒီလှပတဲ့ mortal ပေါ်မှာ နင် သံယောဇဉ်တွေရှိနေတယ်ထင်တယ်။ အဲ့ဒီတော့ ငါ နင့်ရဲ့ ဝိဥာဉ်ကို မယူတော့ဘူး။ နင့်ကို သတ်လိုက်မယ်။"

"နင် ငါ့ကို သတ်နိုင်တယ်။ ဒါပေမယ့် ငါ နင် သူ့ကို ထိခွင့်လုံးဝပေးမှာမဟုတ်ဘူး!!!" Taeyeon အသံကျယ်ပြီး ပြောလိုက်တယ်။

AD "Wow, ဒါပေမယ့်လည်း သူက အဲ့ဒီ mortal နဲ့ကြိုက်နေတာလေ။ နင်နဲ့မဟုတ်ဘူး။ နင့်မှာ ဘာမျှော်လင့်ချက်မှမရှိဘူး Taeyeon. နင်က အရင်တုန်းကနဲ့ အတူတူပါပဲလား။ ငါ အရင်တုန်းက ပြောခဲ့တယ်လေ အဲ့ဒီ အဓိပ္ပာယ်မရှိတဲ့ စည်းမျဉ်းတွေကို လိုက်နာနေတာက နင့်ကို ဘယ်တော့မှ Queen ဖြစ်စေမှာမဟုတ်ဘူး! နင်က အဲ့ဒီ စည်းမျဉ်းတွေရဲ့ ကျေးကျွန်ပဲ!!"

Forbidden SpellsDonde viven las historias. Descúbrelo ahora