Sunny တစ်ယောက် သူ Sooyoung နဲ့ လက်ထပ်ရတော့မယ်ဆိုတာကို မယုံကြည်နိုင်ဖြစ်နေသလို ပျော်လည်း ပျော်ရွှင်နေမိတယ်။
ဒါပေမယ့် သူ မြင်လိုက်ရတဲ့ Princess Chaeyoung နဲ့ ပတ်သတ်တဲ့ အနာဂတ်မြင်ကွင်းကြောင့် စိတ်ထဲမှာ ပူပန်နေမိတယ်။ သူ ဘယ်သူမှ ဘာမှမဖြစ်ပါစေနဲ့လို့ ဆုတောင်းလိုက်မိတယ်။
Sunny သက်ပြင်းချလိုက်တယ်။
"ဘယ်လိုဖြစ်လို့ သက်ပြင်းတွေချနေရတာလဲ?"
တစ်ယောက်ယောက်က တံမြက်စည်းပျံစီးပြီးဝင်လာတဲ့ Yerin ရဲ့ အသံကို ကြားလိုက်ရတယ်။
Sunny က Yerin နဲ့ပတ်သတ်ပြီး မြင်နေရတဲ့အနာဂတ်က အမြဲတမ်း ၂ မျိုး မြင်နေရတယ်လေ။ ဒါပေမယ့် Yerin က အမြဲတမ်း လမ်းမှားကိုပဲ ရွေးချယ်နေတယ်။
"နင် လာမယ်လို့မထင်ထားမိဘူး Yerin." Sunny ပြောလိုက်ပြီး သူ့ကို ကြည့်လိုက်တော့ သူ့ဆီကနေ သွေးနံ့ရလိုက်တယ်။ သူ လူများသတ်လာလားလို့ တွေးမိလိုက်တယ်။
"ကြည့်ရတာ နင်က ငါ့ဘက်မှာပဲ ရှိနေသေးတယ်ထင်တယ်။"
"ငါက နင့်ကို oracle တစ်ယောက်အနေနဲ့ပြောနေတာ။ ငါ့ရဲ့ သစ္စာရှိမှုက ဘယ်တော့မှပြောင်းလဲမသွားဘူး။"
"သစ္စာရှိမှုက ပြောင်းလဲမသွားဘူး? အဲ့ဒါဆိုရင် Taeyeon အသက်ရှင်နေသေးတာကိုလည်း နင် သိနေတယ်ဆိုရင် ငါ အံ့သြမိမှာမဟုတ်ဘူး။"
Sunny က အံ့သြသွားပေမယ့် မျက်နှာအမူအရာမပေါ်အောင် ထိန်းထားလိုက်တယ်။
"နင် Taeyeon က black hole ထဲမှာ အသက်ရှိနေတုန်းဆိုတာကို သိနေတယ်မလား?"
Sunny က Yerin ကို ကြည့်နေရင်းနဲ့ သူ့အနာဂတ်ကို မြင်လိုက်တော့ သူမေးတာကို မဖြေပဲနဲ့ ပြောလိုက်တယ် "နင် သေတော့မယ်ဆိုတာကို တွေ့နေရတယ်။"
"mwo?!! ငါ့ကို ဒီလိုလာခြောက်လို့ရမယ်များထင်နေလား?!" Yerin က ပြောပြီး သူ့ တံမြက်စည်းထဲကနေ ဓားထုတ်ပြီး Sunny ကို ရွယ်လိုက်တယ်။
"နင်ငါ့ကို အခုသတ်လိုက်ရင်တောင် နင့်အနာဂတ်က ပြောင်းလဲမသွားဘူး။ နင် အခု ရွေးချယ်ထားတဲ့လမ်းက နင့်အတွက် သေလမ်းကို ဦးတည်နေတယ်။ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ပါ။ သူ့ကို ပြန်လာခွင့်မပေးပါနဲ့။"
YOU ARE READING
Forbidden Spells
Fanfiction임나연 (Im Nayeon) 유정연 (Yoo Jeongyeon) 김태연 (Kim Taeyeon) 임윤아 (Im Yoona)