"ပထမဆုံး Princess က ပျောက်သွားတယ်။ ပြီးတော့ Queen နဲ့ Lady Yoona, အခု Jeongyeon ပါ ပျောက်သွားပြီ!!!"
"စိတ်အေးအေးထား Sooyoung. Lady Yoona နဲ့ Queen တို့က ပျောက်နေတာမဟုတ်ဘူး။ သူတို့တွေ ဘယ်သွားလဲဆိုတာကို ငါတို့ကို မပြောပြပဲနဲ့ ထွက်သွားတာ။ ဒါပေမယ့် သူတို့တွေက Princess ကို ကယ်တင်ဖို့သွားတယ်ဆိုတာ အသေချာဆုံးပဲ။"
"Jeongyeon က Princess ကို ဘယ်လိုကယ်တင်ပေးမှာလဲ? ငါတို့က သူက မှော်ပညာနဲ့ ပတ်သတ်နေတယ်လို့ပဲ ပြောတာလေ ဒါပေမယ့် အဲ့ဒါနဲ့တင် သူ စွမ်းအားတွေကို ဘယ်လိုသုံးရမလဲဆိုတာ သိသွားတာမှမဟုတ်တာ။"
"ဘာတွေဖြစ်နေတာလဲဆိုတာ ငါလည်းမသိဘူး။ ပြီးတော့ နင်မေးခွန်းကိုလည်း ငါ မဖြေနိုင်သေးဘူး။ ဒါပေမယ့် ငါ သေချာတာတစ်ခုကတော့ စွမ်းအားတွေ တဖြည်းဖြည်းထွက်လာတဲ့ Princess ငယ်ငယ်လေးကို ငါတို့ သေချာစောင့်ကြည့်ရမယ်။ သူဘေးအန္တရာယ်ကင်းရှင်းပြီး သူ့အမေလိုပျောက်မသွားအောင် ငါတို့ သေချာ စောင့်ကြည့်ရမယ်။"
"အဲ့ဒီတော့ ငါတို့ သူတို့ကို သွားမရှာတော့ဘူးလား?"
"သူတို့ကို ရှာဖို့ရာက အရမ်းကို ခက်ခဲတယ်။ ငါတို့ ခဏလောက် စောင့်ကြည့်ကြတာပေါ့ ပြီးတော့ ငါ ဒီကိုစ္စကို တွေးလည်း မတွေးချင်သလို ပြောလည်းမပြောချင်ပေမယ့် royal blood wizards တွေသာ အဆိုးဆုံးအရာတွေတစ်ခုခုဖြစ်ခဲ့ရင် ဒီ ထီးနန်းကို ဆက်ခံဖို့ ထိုက်တန်တာက Chaeyoung ပဲ။"
"a...ani... အဲ့ဒီလိုစကားမျိုးတွေမပြောပါနဲ့ Soonkyu. ဒါတွေကဖြစ်လာမှာမဟုတ်ဘူး။ သွားရအောင်။" Sooyoung ပြောပြီး Jeongyeon အခန်းထဲကနေထွက်သွားလိုက်တယ်။
Sunny လည်း Sooyoung နောက်လိုက်ရင်းနဲ့ "ငါလည်း အဲ့ဒီလိုတွေမဖြစ်စေချင်ပါဘူး။ ဒါပေမယ့် ငါ ပြောတာတွေကလည်း မဖြစ်နိုင်တာတွေမဟုတ်ဘူးလေ။ အဲ့ဒီတော့ ငါတို့ အနည်းနဲ့အများတော့ ပြင်ဆင်ထားဖို့ လိုအပ်တယ်။"
"ဒါပေမယ့်လည်း ငါတို့တွေအဲ့ဒီလိုတွေတွေးနေတာက အကူအညီမဖြစ်ဘူး။ Princess ငယ်လေးက နင့်ရဲ့ လမ်းညွှန်မှုကို လိုအပ်တယ်။ သူ သူ့စွမ်အားတွေကို ဘယ်လိုထိန်းချုပ်ရမယ်ဆိုတာရယ် တခြားသိသင့်တဲ့ အရာတွေရယ်ကို စပြီး လေ့ကျင့်သင့်နေပြီ။ ငါက သူ့ကို သူ့ကိုယ်သူ ဘယ်လိုကာကွယ်ရမလဲဆိုတာကိုပဲ သင်ပေးနိုင်တာ။ ကျန်တာတွေကတော့ နင့်အပိုင်းပဲလေ။ arrasso?"
YOU ARE READING
Forbidden Spells
Fanfiction임나연 (Im Nayeon) 유정연 (Yoo Jeongyeon) 김태연 (Kim Taeyeon) 임윤아 (Im Yoona)