"ငါက သူ့မိန်းမ"
Nayeon ပြောလိုက်တော့ အကုန်လုံး အံ့သြသွားတယ်။ Nayeon ပါ အပါအဝင်ပေါ့။ Nayeon အတွေးထဲမှာ 'ငါ ဘာပြောလိုက်မိတာလဲ???'
Jeongyeon က Nayeon နားမလည်နိုင်တဲ့ အကြည့်မျိုးနဲ့ ကြည့်လိုက်တယ်။ Nayeon က သူ့ကိုများ ဒေါသထွက်သွားတာလားလို့ တွေးနေမိတယ်။
"အဲ့ဒါအမှန်ပဲလား?"
"ဒီကောင်းမလေးက Jeongyeon-sshi ရဲ့ မိန်းမလား?"
"ငါတို့ထင်နေတာက Jeongyeon-sshi နဲ့ Yerin-sshi တို့လက်ထပ်တော့မယ်ထင်နေတာ။"
အကုန်လုံးကလည်း မေးခွန်းတွေဆက်တိုက်မေးနေတော့ Nayeon တစ်ယောက် ကြောက်လန့်သွားပြီး စဉ်းစားမိတာက သူ ထွက်ပြေးဖို့။ ဒါပေမယ့် သူ ထွက်မပြေးနိုင်ခင်မှာပဲ
"ဟုတ်တယ်။ သူက ငါ့မိန်းမ။ Yerin-sshi နဲ့ ငါနဲ့က ဘာမှမပတ်သတ်ပါဘူး။" Jeongyeon က ပြောပြီး Nayeon ကို သူ့အနားကို ဆွဲလိုက်တယ်။
Nayeon လည်း အံ့သြသွားတယ်။
"သွားရအောင်။" Jeongyeon လည်း ပြောပြီး Nayeon လက်ကိုဆွဲပြီး လူအုပ်ကြားထဲကနေ ပြေးထွက်သွားတယ်။ သူတို့နောက်ကနေတော့ လူတွေက ဆက်ပြီးပြေးလိုက်နေတုန်းပဲလေ။ ခက်တာက Nayeon က ပြေးရတာကို မကြိုက်ဘူးလေ။ အဲ့ဒါနဲ့ သူ လက်ဖြောက်တီးလိုက်တော့ မိုးတွေရွာချလာတယ်။ အဲ့ဒါက သူ့ကို အားအင် ကုန်ခန်းစေပြီး ကြမ်းပေါ်လဲကျသွားစေတယ်။ သူ wand ကို မသုံးပဲ hand magic ကို သုံးရတာက သူ့အားအင်တွေကို ကုန်ဆုံးစေတယ်။
Nayeon အတွေးထဲမှာ 'ဟူးးး ငါကလည်းလေ ဘာလို့လုပ်ပြီးတော့မှ Sunny-emo စာသင်ထားတာတွေကို မှတ်မိရတာလဲ မသိဘူး။'
"အဆင်ပြေရဲ့လား?" Jeongyeon ကမေးပြီး ဆွဲထူပေးလိုက်တယ်။
Nayeon က ဒူးတွေတုန်နေတယ်လေ။ သူတို့ နှစ်ယောက်စလုံး မိုးတွေ အရမ်းရွာနေတော့ စိုရွှဲနေပြီလေ။ မိုးအရမ်းသည်းအောင်လုပ်လိုက်မိတာကို Nayeon သတိထားမိတော့မှာ သူ အဲ့ဒီလောက်မိုးပြင်းအောင်လုပ်မိလို့ အားအင်က ပိုပြီး ကုန်ခမ်းတယ်ဆိုတာကို သတိထားမိလိုက်တယ်။
ဒါပေမယ့် သူတို့နှစ်ယောက် ကံကောင်းတာကတော့ Jeongyeon ရဲ့ ပရိတ်သတ်တွေ ဆက်မလိုက်လာတော့ဘူးလေ။
ESTÁS LEYENDO
Forbidden Spells
Fanfiction임나연 (Im Nayeon) 유정연 (Yoo Jeongyeon) 김태연 (Kim Taeyeon) 임윤아 (Im Yoona)
