Zawgi....
အနက်ရောင်လမ်းမထက် တစ်လှိမ့်လှိမ့်
ရွေ့လျားခုန်ပေါက်နေကြတဲ့ ရော်ရွက်ဝါ
တစ်စုရဲ့ အထီးကျန်စံခြင်းသည် ယောင်
ဝါးဝါးဖြင့် လှပတင့်တယ်နေသည်။အစိမ်းရောင်ခပ်စိပ်စိပ် ကုက္ကိုရွက်ကြားမှ
အားမန်အပြည့်ဖြင့်ထိုးဖောက်ဝင်ရောက်
နေသော နေရောင်ခြည်နွေးနွေးသည် အ
နက်ရောင်လမ်းမထက် ဖြာကျတောက်ပ
လျက်ရှိနေသည်။ကုက္ကိုပင်ကြီးတစ်ဖက် ခပ်လှမ်းလှမ်းရှိ
ယိုင်နဲ့နဲ့အိမ်ငယ်လေး၏ မီးဖိုချောင်ထဲ
၌ အရွယ်နှင့်မလိုက်သော ပင်ပန်းဆင်း
ရဲမှုများကြောင့် ခပ်နွမ်းနွမ်းမျက်နှာထက်
ကျပ်ခိုးများကပ်ငြိနေသော အမျိုးသမီး
ငယ်တစ်ယောက် အလုပ်ရှုတ်လို့နေသည်။ထို့နောက်....အိပ်ခန်းထဲမှအသားလတ်
လတ်နှင့် ချစ်စဖွယ်ကလေးငယ်တစ်
ယောက် မျက်လုံးလေးများအား လက်
သေးသေးလေးများဖြင့် ပွတ်သပ်ရင်းထွက်
လို့လာလေသည်။"မေမေ....."
"သားငယ်.....မေမေ့သားလေးနိုးလာပြီ
လား....ခဏလေးနော် သားငယ် ဒီထ
မင်းအိုးလေးချပြီးရင် မေမေ သားလေး
ကိုမျက်နှာသစ်ပေးမယ်နော်...""ရတယ်မေမေ သားအရွယ်ရောက်နေ
ပါပြီ...ကိုယ့်ဘာသာကိုယ်ပဲ သစ်လိုက်
မယ်လေနော်..."မပီတပီ တီတီတာတာ ပြောတက်သော
သူမသားလေးအားငေးကြည့်ရင်း သူမ
သဘောတကျရယ်မောလိုက်သည်။"အွန်း ဟုတ်သားနော် မေ့မေ့သားလေး
က ၆နှစ်တောင်ပြည့်ပြီးပြီဆိုတော့ လူကြီး
ဖြစ်နေပြီပဲ ဟုတ်တာပေါ့ ကဲကဲ လူကြီး
ပေါက်စလေး မျက်နှာသွားသစ်လိုက်ပါ
အုန်း နော် မေမေ့သားလေးစားဖို့ မေမေ
ထမင်းကြော်ပေးထားတယ် ဟုတ်ပြီလား""ဟုတ်ကဲ့မေမေ "
မျက်လုံးလေးများ ပိတ်သွားမတက် ချစ်
စဖွယ်ပြုံးပြခေါင်းငြိမ့်လျက် ကလေးငယ်
လေး အိမ်အောက်သို့ ဆင်းသွားလေသည်။
YOU ARE READING
🍃ရွက်ကြွေ🍃🍃ရှကျကွှေ🍃(completed)
RomanceZawgi+Unicode "သစ်ရွက်တွေ မြေမှာခ အလွမ်းတွေနဲ့အကြွေရွက် လေနှာရာ သူပျော်ပါး ဖမ်းဆုတ်ခွင့်တောင် ကျွန်တော့်အား မပေးခဲ့ပါ" Non-Kpop Fiction With own chapter❤ "သစ်ရွက်တွေ မြေမှာခ အလွမ်းတွေနဲ့အကြွေရွက် လေနှင်ရာ သူပျော်ပါး ဖမ်းဆုတ်ခွင...