Zawgi...
Taeil- Because of you
ရတုတစ်ယောက် ခပ်ကုတ်ကုတ် အနေ
အထားနဲ့ ဆိုဖာပေါ်မှာ မျက်နှာရိပ်၊မျက်
နှာကဲ ကြည့်ကာ တုပ်တုပ်မလှုပ်ငြိမ်နေသည်။ပြန်ခိုင်းသည်ကို မပြန်ပဲ အိမ်ထဲအတင်း
လိုက်ဝင်လာတဲ့ စံ က အခုတော့ မေမေ့
အရှေ့က ဆိုဖာခုံမှာ ခပ်တည်တည်နဲ့ပဲ
ထိုင်လို့နေသည်။"မေမေမရှိတဲ့ နှစ်ရက်အတွင်းမှာ ဖြစ်ချင်
တိုင်းဖြစ်နေတာလား....မင်းမင်း...."ရတု လက်ထိပ်အချင်းချင်းပွတ်တိုက်ကာ
ငြိမ်နေမိသည်။မေမေ့ကို မော့မကြည့်ရဲ
သလို စံ ကို ပြန်ဖို့လည်း မပြောရဲပါ။"မင်းက ကလေးပဲရှိသေးတာ...စိတ်
ကစားနိုင်တာ မေမေနားလည်တယ်..
ဒါပေမဲ့ သားမှာ သွယ်လေး တစ်ယောက်
လုံးရှိနေတာ အဓိပ္ပါယ် မရှိတာတွေလျှောက်
မလုပ်စမ်းပါနဲ့ မင်းမင်းရယ်..."ခါတိုင်းထက်ပိုပြီး နူးနူးညံ့ညံ့ပြောနေတဲ့
မေမေကြောင့် ရတုပိုပြီး ကြောက်မိသည်။"ဟက်...ဟက်...စိတ်ကစားရအောင်
အကိုက ၁၆..၁၇လည်း မဟုတ်တာ
အန်တီသိမှာပါ..."လှောင်ရယ်သံနဲ့အတူ မေမေ့ကို မကြောက်
မရွံပြန်ပြောနေတဲ့ ပိုင်စံလင်း ကို ရတု မျက်
လုံးပြူးပြကာ ခေါင်းခါရင်း ဆက်မပြောရန်
တားမိသည်။"ယောက်ျား လေးတစ်ယောက်က မိန်း
ကလေးတစ်ယောက်နဲ့ လက်ထပ်တာက
ပဲ အဖြစ်သင့်ဆုံးဆိုတာ သားသိတယ် မ
ဟုတ်လား မင်းမင်း... နောက်ပြီး သား
တို့က အပျော်တွဲနေတဲ့ ပုံပါပဲ...လက်
ထပ်တဲ့အထိ တွေးထားတဲ့ပုံ မပေါ်ဘူး
ဆိုတော့ ဒီလောက်နဲ့ပဲ ရပ်လိုက်...""သားတို့လက်ထပ်ဖို့အထိ ရည်ရွယ်ထား"
"လက်ထပ်ဖို့အထိလည်း ရည်ရွယ်မထား
ပါဘူး...."သံပြိုင်ထွက်လာတဲ့ စကားသံတွေ..။
မေမေ့စကားမဆုံးခင် ဖြတ်ပြောလိုက်တဲ့
ရတုအသံက ပိုင်စံလင်း ရဲ့ အငြင်းဝါကျ
ကြောင့် ရပ်တန့်လို့သွားခဲ့တယ်။
YOU ARE READING
🍃ရွက်ကြွေ🍃🍃ရှကျကွှေ🍃(completed)
RomanceZawgi+Unicode "သစ်ရွက်တွေ မြေမှာခ အလွမ်းတွေနဲ့အကြွေရွက် လေနှာရာ သူပျော်ပါး ဖမ်းဆုတ်ခွင့်တောင် ကျွန်တော့်အား မပေးခဲ့ပါ" Non-Kpop Fiction With own chapter❤ "သစ်ရွက်တွေ မြေမှာခ အလွမ်းတွေနဲ့အကြွေရွက် လေနှင်ရာ သူပျော်ပါး ဖမ်းဆုတ်ခွင...