Zawgi...
ဂလွမ်.....
ကြမ်းပြင်ထက်ပြန့်ကျဲလို့သွားသည့် ထမင်း
စိလေးများကို နှမျောတက်သကြည့်နေသော
ကလေးငယ်ငယ်....။"အိုး...မင်းထမင်းတွေမှောက်ကုန်ပြီပဲ..
ကျွတ်ကျွတ် သနားလိုက်တာ...."ပြုံးဖြီးဖြီးမျက်နှာထားနှင့် ထမင်းမှောက်
စေခဲ့သော.တရားခံကဟားတိုက်ရယ်မော
လေသည်။"မင်းဘာလို့အဲ့လိုလုပ်တာလည်း သုတ"
"ဘာကိုလည်း ငပိုင်...ငါလည်းဘာမှမလုပ်
ရပါလား...."လက်ပိုက်ထားလျက်ပင် သူခြေထိုးခံလိုက်
၍မှောက်ကျသွားသော ကျွန်တော့်ထမင်း
ပန်းကန်လေးကို ငဲ့စောင်း၍ကြည့်လေသည်။"မင်းလုပ်လိုက်လို့ငါထမင်းတွေ မှောက်ကုန်
ပြီလေ သုတ...တနေ့လုံးမှ ငါတစ်ကြိမ်ပဲစား
ရတာ အခုဟာမှောက်ကျတော့ ငါဘယ်လို
သွားနေရမှာလဲ..."သုတက ပုခုံးတွန့်လျှက်ပင် စူးစိုက်ကာ
ပြန်ကြည့်လေသည်။၆နှစ်အရွယ်ကလေး
တစ်ယောက်အား အနိုင်ကျင့်ရသည်မှာသူ
အတွက် သိပ်ပျော်စရာကောင်းနေပုံပင်။"သုတ...ငါစိတ်တိုလာပြီနော်....."
"အောင်မလေးလေး...ဖြစ်နေတာကြည့်
ပါအုန်းအရပ်ကတို့ရေ မအေသေပြီးသ
နားလို့ အိမ်ပေါ်ခေါ်တင်ထားပါတယ်..
ထမင်းကျွေးတဲ့လက်ကိုပြန်ကိုက်နေတယ်
...နင်ကများစိတ်တိုရတယ် ရှိသေး...ငါ့
သားတစ်ခုခုဖြစ်လို့ရတော့ နင်ဒီအိမ်ပေါ်
ကဆင်းရမယ်...အိုကြာပါတယ် ကိုသစ်လွင်
ရေ...ကိုသစ်လွင်....."ဆယ်အိမ်ခေါင်းကတော်ရဲ့အော်ခေါ်သံ
ကြောင့် ဆယ်အိမ်ခေါင်းအပြေးရောက်
လာကာ အခြေအနေအား အကဲခတ်နေ
လေသည်။"ကိုသစ်လွင် ရှင် ဒီကလေးကို ဘုန်းကြီး
ကျောင်းပဲဖြစ်ဖြစ်ပို့လိုက်စမ်းပါရှင်.....
မျက်စိတွေနောက်လွန်းလို့ သူရှိနေရင်
ကျွန်မတို့သားလေး မလွယ်ဘူး...ခုဏ
ကလည်း...ကြိမ်းနေတာဆိုတာ ရှင်မကြား
လို့...အရွယ်လေးနဲ့မှမလိုက် ရှင်..ကျွန်မတောင်ကြက်သီးထတယ်...."
YOU ARE READING
🍃ရွက်ကြွေ🍃🍃ရှကျကွှေ🍃(completed)
RomanceZawgi+Unicode "သစ်ရွက်တွေ မြေမှာခ အလွမ်းတွေနဲ့အကြွေရွက် လေနှာရာ သူပျော်ပါး ဖမ်းဆုတ်ခွင့်တောင် ကျွန်တော့်အား မပေးခဲ့ပါ" Non-Kpop Fiction With own chapter❤ "သစ်ရွက်တွေ မြေမှာခ အလွမ်းတွေနဲ့အကြွေရွက် လေနှင်ရာ သူပျော်ပါး ဖမ်းဆုတ်ခွင...