Zawgi...
တဝေါဝေါ တိုက်ခက်လို့နေသည့် ပြင်ပ
က မိုးသံ၊လေသံများနှင့်ခြားနားစွာ အ
ခန်းလေးတစ်ခုအတွင်း၌ ငြိမ်သက်တိတ်
ဆိတ်နေခဲ့သည်။ခပ်စူးစူးစိုက်ကြည့်လို့နေသော မျက်ဝန်း
များကို ရှောင်ဖယ်နိုင်ရန် ခေါင်းငိုက်စိုက်
ချလျက် ငြိမ်ကုတ်ကာထိုင်နေမိသည်မှာ
မိနစ်အတော်ပင် ကုန်လွန်နေလောက်ပြီ
ထင်သည်။"ကျွန်တော့်ကို ပြောပါ အကို...ကျွန်တော့်
ကို အထင်သေးသွားသလား ကျွန်တော့်ကို
ရွံရှာသွားသလား...ဘာတွေပဲ ဖြစ်ဖြစ်ပါ
ကျွန်တော်ကတော့ အဲ့တာတွေ ဂရုမစိုက်ဘူး
ဆိုတာ အကိုသိထားပါ...."ရတု သူ့မျက်လုံးတွေထဲကို အဖြေရှာမိတဲ့
အခါ အနိုင်လိုခြင်းတွေ၊ပိုင်ဆိုင်လိုခြင်းတွေ
သာ ကြီးစိုးလို့နေတယ်။"ငါလည်း မင်းကိုချစ်ပါတယ် ပိုင်စံလင်း"
တည်ငြိမ်ပြက်သားသော ရတုအဖြေကြား
သည်နှင့် သူက အောင်နိုင်သူတစ်ယောက်
လိုပြုံးတယ်။"ဒါဆို ဘာလိုသေးလို့လဲ အကို ကျွန်တော်
တို့ တစ်ယောက်ကို တစ်ယောက်ချစ်နေ..""ငါပြောတာမပြီးသေးဘူးလေ စံ"
သူ့စကား မဆုံးခင်ဖြတ်ပြောလိုက်သည့်
ကျွန်တော့်အား မျက်မှောင်ကြုတ်ကာ
ကြည့်နေပြန်သည်။"ငါလည်းမင်းကိုချစ်တယ်လေ...ဒါပေမဲ့
မင်းချစ်သလို မဟုတ်ဘူး..ငါက..ငါက
မင်းကို ညီအကိုတွေလိုပဲ ချစ်တာ......""ခင်ဗျား...သေချာလား..."
ကျွန်တော့်အထင်လား မသဲကွဲပေမဲ့ သူ့
အသံတွေကတော့ သိသိသာသာ မာကြော
၊တုန်ရင်နေခဲ့ပြန်တယ်။"အင်း...."
ကျွန်တော့်စကား အဆုံးမှာ မတ်တတ်ရပ်
ကာ တဖြေးဖြေးလျောက်လာသော သူက
ကျွန်တော်ထိုင်နေတဲ့ ခုံရဲ့ဘေးတစ်ဖက်
တစ်ချက်မှာရှိတဲ့ လက်တန်းပေါ် သူ့လက်
တို့တင်ကာ ကျွန်တော့်မျက်နှာနား သူ့မျက်
နှာကို တိုးကပ်စေပြန်တယ်။
YOU ARE READING
🍃ရွက်ကြွေ🍃🍃ရှကျကွှေ🍃(completed)
רומנטיקהZawgi+Unicode "သစ်ရွက်တွေ မြေမှာခ အလွမ်းတွေနဲ့အကြွေရွက် လေနှာရာ သူပျော်ပါး ဖမ်းဆုတ်ခွင့်တောင် ကျွန်တော့်အား မပေးခဲ့ပါ" Non-Kpop Fiction With own chapter❤ "သစ်ရွက်တွေ မြေမှာခ အလွမ်းတွေနဲ့အကြွေရွက် လေနှင်ရာ သူပျော်ပါး ဖမ်းဆုတ်ခွင...