{၃}

5K 262 2
                                    

Zawgi...

အဆုံးတစ်​ခုရဲ့...အစွန်းတစ်​ဖက်​မှာမင်းရပ်​တန့်​​နေမလား???

______________________________________

တားဆီးပိတ်​ပင်​ခြင်းခံထားရ​သော ခပ်​၀ါးဝါး
မှန်​တံခါးတစ်​ဖတ်​ခြမ်းရှိ လူများစွာရဲ့ခံစားများ
အ​ရောင်​စုံ​နေကြသည်​။အချို့က ​မျှော်​လင့်​ချက်
ရောင်​ခြည်​ခပ်​​ရေး​ရေးသန်းလျက်​၊အချို့ချို့က​တော့ဖြင့်​ ၀မ်းနည်း​ဆွေး​မြေ့​နေကြ၏။

မှန်​တံခါး၏တစ်​ဖက်​ခြမ်းမှ အစိမ်း​ရောင်​ ခွဲ
စိတ်​၀တ်​စုံနှင့်​ သက်​လတ်​ပိုင်းအရွယ်​ခန့်​ရှိ
မည်​ထင်​ရ​သော ဆရာဝန်​က​လေး၏ အပြုံး
ချိုချိုသည်​ ​စောင့်​စား​နေကြ​သော လူအများ
၏ရင်​ကို အပြည့်​အစုံမဟုတ်​ရင်​​တောင်​ အ
နည်းငယ်​​တော့ဖြင့်​ စိတ်​ချမ်း​မြေ့မှုရရှိ​စေမည်
ထင်​သည်​။

"ဆရာ...ကျွန်​မသား​လေးအ​ခြေအ​နေ"

မခန်း​ခြောက်​​သေး​သော မျက်​ရည်​စီး​ကြောင်း
များဖြင့်​ တုန်​ရင်​စွာ​မေးမြန်​လာ​သော ခပ်​နွမ်း
နွမ်း မိန်းမကြီး၏ အ​မေးစကားသည်​ ​မျှော်​လင့်
ချက်​များ အပြည့်​အ၀ရှိ​နေခဲ့သည်​။

"အ​ဒေါ်ရဲ့သား အ​ကောင်းဆုံးလုပ်​နိုင်​ခဲ့ပါတယ်​..
သူ့ရဲ့ခွဲစိတ်​မှု​အောင်​မြင်​ပါတယ်​...​နောက်​မိနစ်
အနည်းငယ်​​လောက်​ဆို သူ့ကို​တွေ့နိုင်​ပြီထင်​ပါ
တယ်​"

ပြုံးလျက်​ ဆိုလာ​သော ဆရာဝန်​​လေးစကား
အဆုံးတွင်​ အားအင်​ချိနဲ့သူတစ်​ဦးကဲ့သို့ ထို
မိန်းမကြီး ကြမ်းပြင်​ထက်​ ​ခွေလဲကျ​တော့သည်​။

"​ကျေးဇူးတင်​ပါတယ်​ doctor ​လေးရယ်​...
ကျေးဇူးတင်​ပါတယ်​ အ​ဒေါ့်သားမှာ doctor
လေး​ပေးတဲ့အသက်​ပဲ ရှိပါ​တော့တယ်​...​ကျေး
ဇူးတင်​ပါတယ်​"

ပျော်​ရွှင်​ခြင်း​ကြောင့်​အတိုင်းအစမရှိကျ​ရောက်
လာ​သော မျက်​ရည်​စက်​ကြီးများကိုခပ်​ကြမ်းကြမ်းသုတ်​ဖယ်​​နေ​သော ထိုမိန်းမကြီး၏ ​ပျော်​ရွှင်​​​မှုသည်​ အမှတ်​မထင်​ကြည့်​မိသူများကိုပင်​ ကူးစက်​မည်​မှာအမှန်​ပင်​။

🍃ရွက်​​ကြွေ🍃🍃ရွက်ကြွေ🍃(completed)Where stories live. Discover now