Zawgi....
ကားမှန်တစ်ဖက်က မြင်နေရတဲ့ အရာရာ
တိုင်းက အသစ်အစမ်းကြီးပါပဲ၊လှပတဲ့သစ်
ပင်တွေရယ်၊မိုးထိမတက်မြင့်မားလို့နေကြ
သည့် တိုက်အထပ်တွေရယ်၊သိပ်လှလွန်း
ကြသည်။"သခင်လေး....အပြင်ကြည့်အုန်းမယ်ဆိုရင်
ကျွန်တော် air-conပိတ်လိုက်မယ်နော်"ဦးလေးကြီးပြောသည့် air-conဆိုတာကြီး
လည်းသေချာမသိတာမို့ ကြောင်တောင်
တောင်နှင့်သာ ခေါင်းညိမ့်ပြလိုက်ကာ
ကားမှန်ထက်ကနေကျော်ဝင်လာသည့်
လေအေးအေးကို အားပါးတရရှူလိုက်မိ
သည်။မေမေ့ကိုလည်း အခုလိုကားအကောင်း
စားကြီးစီးစေချင်သည်၊မေမေ့ကိုလည်း
ပိုင်လေးနဲ့အတူပျော်စေချင်သည်။မေမေ့အကြောင်းစဉ်းစားမိတော့ ပါးပြင်
ထက် မျက်ရည်စက်လေးများကြဆင်းလို့
လာလေသည်။မေမေရယ် သားအရမ်းပင်ပန်းတာပဲသိ
လား၊သားကိုကျွေးမွေးထားတဲ့ ဆယ်အိမ်
ခေါင်းဦးလေးကြီးကလည်း သူများတွေ
ရှေ့မှာကောင်းပြပေမဲ့ သူ့မိန်းမနဲ့ရှိချိန်တွေ
ဆိုစောစောထပြီး အလုပ်ဝိုင်းမလုပ်ပေးရင်
အရိုက်ခံရသေးတယ်၊သူတို့သားကလည်း
သားကိုနှိပ်စက်ကြသေးတယ်၊သားအရမ်း
ပင်ပန်းတာပဲမေမေရယ်...။"သခင်လေး....အိမ်ရောက်ပါပြီ"
ကားတံခါးဖွင့်ပေးရင်းတရိုတသေပြော
လို့နေသည့် ဦးလေးကြီးကိုတစ်ချက်၊အိမ်
ဟုပြောသော ခပ်ကြီးကြီးအရာကြီးကိုတစ်
ချက်ကြည့်ရင်း ပိုင်စံလင်းအံ့သြနေမိသည်။မေမေ ၀ယ်လာတက်သည့်ဗလာစာအုပ်
မျက်နှာဖုံးကအိမ်ပုံကြီးလိုကြီးမားလှပလွန်း
သည်၊ထိုပုံလေးကိုကြည့်ရင်း'မေမေလေ
ဒီလိုအိမ်ကြီးထဲမှာ နေချင်လိုက်တာ သား
လေးကြီးလာရင် မေမေကိုဝယ်ပေးမလား´
ပြုံးပြုံးလေးမေးတက်သည့် မေမေ့ကို မျက်
လုံးများပိတ်မတက်ရယ်မောရင် အဆက်
မပြတ် သူခေါင်းညိမ့်ပြခဲ့ဘူးသည်။
YOU ARE READING
🍃ရွက်ကြွေ🍃🍃ရှကျကွှေ🍃(completed)
RomanceZawgi+Unicode "သစ်ရွက်တွေ မြေမှာခ အလွမ်းတွေနဲ့အကြွေရွက် လေနှာရာ သူပျော်ပါး ဖမ်းဆုတ်ခွင့်တောင် ကျွန်တော့်အား မပေးခဲ့ပါ" Non-Kpop Fiction With own chapter❤ "သစ်ရွက်တွေ မြေမှာခ အလွမ်းတွေနဲ့အကြွေရွက် လေနှင်ရာ သူပျော်ပါး ဖမ်းဆုတ်ခွင...