{၇}

3.6K 209 3
                                    


Zawgi...

"အင်း.....အာရုံ​ကြောနဲ့ပတ်​သတ်​တာလည်း
ပြဿနာမရှိဘူးဆို​တော့.....စိတ်​နဲ့ပဲဆိုင်​လိမ့်
မယ်​ ထင်​တယ်​ ​ကောင်​​လေး...."

ထွက်​လာတဲ့​ဆေးမှတ်​တန်း​တွေကိုကြည့်​ရင်း
.....​ခေါင်းတစ်​ညိမ့်​ညိမ့်​နှင့်​အ​ဖြေရှာ​နေသည်​.

"စိတ်​နဲ့ဆိုင်​တယ်​ ဟုတ်​လား doctor.......
ကျွန်​​တော်​နားမလည်​ဘူး....စာ​တွေဖတ်
လို့မရတာ အာရုံ​ကြော​ရော ဦး​နှောက်​နဲ့​ရော
သက်​ဆိုင်​မှုမရှိပဲ စိတ်​နဲ့တဲ့လား...."

မျက်​ခုံးအဆုံးထိတွန်းချိုးထား​သော....မ
ကျေနပ်​ဟန်​ သူ့အ​မေးကို ​ခေါင်း​လေးညိမ့်
ပြလာသည်​......

"ဥပမာကွာ မင်းငယ်​ငယ်​ကရှိခဲ့တဲ့ စိတ်​ဒဏ်
ရာ တစ်​ခုခု ဒါမှမဟုတ်​ စိတ်​ accident တစ်
ခု​ကြောင့်​ မင်းစိတ်​က မင်းအမြင်​အာရုံကိုအ
နှောက်​အယှက်​​ပေး​နေတာဆိုပါ​တော့ကွာ.."

ဟင်း.....

ဘာမှမ​ပြောပဲ သက်​ပြင်းချလိုက်​သည့်​ သူ့
ကြောင့်​ ​ဆေး​စစ်​ချက်​ကို ကြည့်​လို့​နေ​သော
မျက်​၀န်​​တွေ သူ့အားသနားညှာတာမှုအပြည့်
ဖြင့်​ကြည့်​သည်​......

"Doctorကိုမင်းစိတ်​ထဲမှာရှိတာ​တွေအကုန်
ပြောပြလို့ရတယ်​....အနဲဆုံး​တော့ ပြသာနာ
အရင်းအမြစ်​ကိုရှာ​တွေ့တာ​ပေါ့....."

ပြုံးလျက်​အား​ပေး​နေ​သော အကြည့်​တို့ကို
သွေဖယ်​ကာ သူ​ခေါင်းငုံ့လိုက်​မိသည်​.......

"ဒီလိုလုပ်​ doctor ကိုမင်းရဲ့ အကိုအရင်း
လို့သ​ဘောထား လိုက်​ ဟုတ်​ပြီလား...."

အားပါးတရ အပြုံး​လေးရဲ့​နောက်​ဆက်​တွဲ
အရ မျက်​လုံးဝိုင်းဝိုင်း​လေးများ ပိတ်​လုမ
တက်​ ချစ်​စဖွယ်​ အတိပင်​.....

"ခင်​ဗျား က ကျွန်​​တော့်​အကိုမှမဟုတ်​တာ"

"ကဲ ဒီက​လေးနဲ့ ခက်​ပြီ အကိုလို့ သ​ဘော
ထားလိုက်​ပါဆို...ခဏ​နေအုန်း..မင်းအ
သက်​က...."

ဆေးစာအုပ်​​လေးကို လှန်​ပြီး​နောက်​ ​တောက်
ပသွား​သော မျက်​၀န်း​လေးများက သူလိုချင်
သော အ​ဖြေတစ်​ခုအား ရသွားလို့ပင်​ဖြစ်​မည်​..

🍃ရွက်​​ကြွေ🍃🍃ရွက်ကြွေ🍃(completed)Onde histórias criam vida. Descubra agora