Zawgi..
လေးပင်နေတဲ့ ခြေလှမ်းတို့ကိုခပ်သွက်
သွက်နှင်ရင်း ဆေးရုံအပြင်ဘက်ထွက်
လာခဲ့မိသည်။ကျွန်တော် သိပ်ကိုပျော်နေခဲ့တာ အကို~
ခင်ဗျားကို ပြန်တွေ့ရလို့လေ...ဒါပေမဲ့
ကျွန်တော့် အပျော်တွေက ကြာကြာမခံ
ပါလား အကိုရယ် ဟင်း.....ဆေးရုံဝန်းအ၀ရောက်မှ ခြေအစုံကိုရပ်
ကာ သက်မတစ်ချက်ချလိုက်မိသည်။ကျွန်တော် နောက်တစ်ခါ အကိုရှေ့ပေါ်
မလာတော့ရင် အကိုလည်း အနှောင့်အယှက်
ဖြစ်လောက်မှာမဟုတ်ဘူးနော် အကို~ပြန်လည်လျောက်ရန်ပြင်လိုက်ပြီးမှ အ
နောက်ဘက်က သူ့အင်္ကျီစ အားလှမ်း
ဆွဲလိုက်ခြင်းကြောင့် မျက်မှောင်ကြုတ်
ကာ နောက်လှည့်ကြည့်လိုက်မိသည်။အကို....ဟုတ်ပါတယ် အကိုမှ အကို
စစ်စစ်.....မျက်လုံးဝိုင်းလေးများ ကြည့်ကာ ခေါင်း
ငုံ့သွားသော အကိုကြောင့် သူလည်းကြောင်
ကာ ရပ်နေမိသည်။"ဘယ်ကိုထွက်ပြေးအုန်းမလို့လဲ ပိုင်စံလင်း.."
"ထွက်ပြေးတယ်...ကျွန်တော်ကလား အကို"
ခေါင်းမမော့ပဲ တစ်ဆက်ဆက်ခေါင်းညိမ့်
ပြသော အကိုသည် ကျွန်တော့်အင်္ကျီစအား
ပို၍ဆုပ်ကိုင်ထားလေသည်။"ကျွန်တော် ထွက်မပြေးပါဘူး အကို...
အကိုကပဲ ကျွန်တော့်ကိုရှောင်ပုန်းနေခဲ့
တာ..ကျွန်တော်ရူးမတက်တွေ့ချင်နေခဲ့
တာ...အကိုအနှောက်အယှက်ဖြစ်မှာ""လွမ်းနေခဲ့တာ...."
"ဟင်...အကိုဘာပြောလိုက်တာ..."
တိုးရှပျက်တောင်းလို့ နေသော အသံ
သေးသေးအား သူတစ်ကယ်မကြား
လိုက်သည်မို့မေးလိုက်မိခြင်းသာ...."ငါ..ငါ..မတရားဘူးဆိုတာသိတယ်..
ဒါပေမဲ့ ငါမင်းကိုမတွေ့ရရင် မနေနိုင်ဘူး"
YOU ARE READING
🍃ရွက်ကြွေ🍃🍃ရှကျကွှေ🍃(completed)
RomanceZawgi+Unicode "သစ်ရွက်တွေ မြေမှာခ အလွမ်းတွေနဲ့အကြွေရွက် လေနှာရာ သူပျော်ပါး ဖမ်းဆုတ်ခွင့်တောင် ကျွန်တော့်အား မပေးခဲ့ပါ" Non-Kpop Fiction With own chapter❤ "သစ်ရွက်တွေ မြေမှာခ အလွမ်းတွေနဲ့အကြွေရွက် လေနှင်ရာ သူပျော်ပါး ဖမ်းဆုတ်ခွင...