{၁၇}

2.1K 134 4
                                    

Zawgi...

ရေ​ငွေ့များစွာ ရိုက်​ခက်​လို့​နေသည့်​ မှန်​မျက်
နှာထက်​ အသာအယာ​ရေ​ငွေ့များကို သုတ်​သင်
လိုက်​သည်​။

မှန်​မျက်​နှာပြင်​ထက်​ ထင်​ဟပ်​​နေ​သော ခပ်
ဖွေး​ဖွေးမျက်​နှာ​လေးထပ်​၌အလိုမကျမှုများ
အများအပြားရှိ​နေသည်​။

ဟင်း....

တ​တောက်​​တောက်​ကျဆင်းလို့​နေသည့်
showerမှ ​ရေစက်​​လေးများနှင့်​အတူ
သက်​မရှိုက်​သံသဲ့သဲ့ တိုးလျ​ပျောက်​ကွယ်
သွား​လေသည်​။

လွန်​ခဲ့​သောနှစ်​ရက်​ခန့်​၊အတိအကျဆို
စံ ကျွန်​​တော့်​အားဖွင့်​​ပြောခဲ့သည့်​​နေ့မှ
စ၍ ကျွန်​​တော်​​ဆေးရုံသို့ မသွားရ၍၊
အမှန်​မှာ သွားခွင့်​မရ၍ ကျွန်​​တော်​တို့
နှစ်​​ယောက်​မ​တွေ့ဖြစ်​​တော့​ပေ။

အဲ့ဒီ​နေ့က surprise ဟုဆိုကာ အခန်း
ထဲသို့ဝင်​​ရောက်​လာခဲ့​သော သူမ....
လွန်​ခဲ့​သော၇နှစ်​ ခန့်​က ကျွန်​​တော့်​တို့အိမ်
န​ဘေး၌​နေခဲ့​သော ​မေ့​မေ့အချစ်​ဆုံးသူ
ငယ်​ချင်းတို့မိသားစု အင်္ဂလန်​မှပြန်​လာခြင်း
ဖြစ်​သည်​။

ဤသည်​ ထူးဆန်းသည်​မဟုတ်​သလို၊​မေ့​မေ့
သူငယ်​ချင်း၏ တစ်​ဦးတည်း​သော သမီး၊တစ်
နည်း ငယ်​ငယ်​ထဲက ကျွန်​​တော်​နှင့်​​ဆော့​ဖော်
ဆော့ဖက်​၊ညီမ​လေးတစ်​​ယောက်​ပါ ပါလာ
ခြင်း၊ ထိုအရာသည်​လည်း.သူမ​ပြောသည့်
Surprise မဟုတ်​ခဲ့ပါ။

သူမ​ပြောသည့်​ surprise ဆိုသည့်​အရာမှာ
ကျွန်​​တော်​နှင့်​သူမအား မိဘခြင်းသ​ဘောတူ
ထားသည့်​အချက်​ပင်​ဖြစ်​သည်​။

ဒေါက်​...​ဒေါက်​...

"​မောင်​....မပြီး​သေးဘူးလား...သွယ်​​စောင့်
နေတာ ကြာ​နေပြီ​နော်​..."

အခန်းအပြင်​တွင်​ ဆူပုတ်​ကာ စိတ်​​ကောက်
ကာ​နေအုန်းမည့်​ သွယ့်​ကို​ပြေးမြင်​မိ၍၊သူ
ပြုံးလိုက်​မိ​ပေမဲ့ သူ့အပြုံး​တွေက​တော့ကြာ
ကြာမခံခဲ့ပါ။

သူတစ်​ကယ်​မကြိုက်​ဘူး၊ကိုကိုမင်းလို့​ခေါ်ရင်
တောင်​ အစဉ်​မ​ပြေတဲ့အ​နေအထားမှာ၊သူမ
သည်​ သူ့အား ​နောင်​တစ်​ချိန်​လက်​ထပ်​မည့်
သူဟုဆိုကာ၊ချစ်​သူ​တွေ မဟုတ်​ပါပဲ ​မောင်
ဟု​ခေါ်​နေခြင်းကို သူမကြိုက်​​ပါ။

🍃ရွက်​​ကြွေ🍃🍃ရွက်ကြွေ🍃(completed)Where stories live. Discover now