Zawgi.....
ဒီကနေ့ဟာ နှစ်ဆန်း(၁)ရက်နေ့ ဖြစ်တာကြောင့် သမ္မတရဲ့ လွတ်ငြိမ်ချမ်းသာခွင့်နဲ့ လွတ်မြောက် လာကြသော အကျဉ်းသားများသည် အကျဉ်းထောင်ရှေ့၌ များပြားစွာ ရှိနေကြသည်.....။
ထိုလွတ်မြောက်လာကြသော အကျဉ်းသား ၅၀၀၀ကျော်ထဲ၌ အပါအ၀င်ဖြစ်သော အနက်
ဝမ်းဆက်နှင့်ကောင်ငယ်လေးတစ်ယောက် ၊
သူ့အားလာကြိုသည့် ကားအကြီးကြီးပေါ်သို့
လိုက်ပါသွားသည်.....။အကျဉ်းထောင်ရှေ့၌ မိသားစုဝင်တို့နှင့် ပျော်
ရွင်စွာ ပွေ့ဖတ်နေကြသော မြင်ကွင်းများသည်
ကားနောက်၌ ကျန်ရစ်ခဲ့သည်....။တစ်ဖွဲဖွဲကျဆင်းနေသော မိုးစက်လေးများက
သူ့ငေးကြည့်နေသည့် မြင်ကွင်းများကို ခြားနား
ထားသော ကားမှန်တံခါးသို့ လာရောက်
ထိမှန်နေသည်....။"သခင်လေးပြောသလို သခင်လေးပိုင်စံလင်းကို သခင်လေးလွတ်လာတာ မပြောထားပေမဲ့
တစ်ကယ်ကြီး အဲ့လိုလုပ်ဖို့ စဉ်းစားထားတာ
လား....."ထွန်းမောင်က ရှေ့ခန်းမှ သူ့အားနောက်လှည့်
ကြည့်ကာ မေးခွန်းထုတ်ပေမဲ့ သူ့အကြည့်တွေ
ဟာ မှန်တံခါးထက်၌သာ တည်ငြိမ်နေခဲ့သည်...။"အထဲမှာ ရှိတုန်းကလည်း သူတို့ကို တွေ့ခွင့်
မပေးပေမဲ့ ကျွန်တော်ကိုတော့ တွေ့တယ်ဆို
တာ သိလို့ သခင်လေး နေကောင်းလား ခဏ
ခဏ လာမေးတယ်....."အဖြေပြန်မပေးလာတဲ့ အလင်းသန့်ကြောင့်
ထွန်းမောင် သက်ပြင်းချကာ ရှေ့ပြန်လှည့်
သွားသည်.....။"အဲ့တာတွေက ငါသိပြီးသားတွေပဲ...ငါမသိ
သေးတာတွေ ပြော..."အရင်ကထက် ပို၍ အေးစက်လာသည်ဟု
ထင်ရသော အလင်းသန့် လေသံကလည်း
မောကြောနေသည်....။"သခင်လေးပြောတဲ့အတိုင်း ကုမ္ပဏီမှာ
စေတန် ကို အုပ်ချုပ် ခိုင်းထားပြီး ကျန်တဲ့
လူတွေကို ဖြေးဖြေးချင်း ဒုစရိုက် လောက
ထဲက ကယ်ထုတ်နေပါတယ်...."
YOU ARE READING
🍃ရွက်ကြွေ🍃🍃ရှကျကွှေ🍃(completed)
RomanceZawgi+Unicode "သစ်ရွက်တွေ မြေမှာခ အလွမ်းတွေနဲ့အကြွေရွက် လေနှာရာ သူပျော်ပါး ဖမ်းဆုတ်ခွင့်တောင် ကျွန်တော့်အား မပေးခဲ့ပါ" Non-Kpop Fiction With own chapter❤ "သစ်ရွက်တွေ မြေမှာခ အလွမ်းတွေနဲ့အကြွေရွက် လေနှင်ရာ သူပျော်ပါး ဖမ်းဆုတ်ခွင...