Zawgi...
တစ်နေ့တော့ ငါတို့ပြန်ဆုံတွေ့အုန်းမယ်လို့
မျှော်လင့်ပါတယ်.....
အကယ်၍များ ငါတို့ဖူးစာပါခဲ့မယ်ဆိုရင်ပေါ့..____
အလင်းရောင် မသဲကွဲ နှင်းကွဲချိန်မကျတစ်ကျ
အချိန်တစ်ခုရဲ့ မနက်ခင်းစောစောကား အနီရောင်ဆေးစက်များကြောင့် မလှပချင်၊အချိန်အ
ခါမဟုတ် ဥသြငယ်ရဲ့ ခပ်ဆွေးဆွေး တမ်းတသံအား လှောင်ပြောင် သရော်လျက် မဲ့ပြုံးတစ်
ပွင့်ဖြင့် နာကျင်နေသူတစ်ဦး အလင်းမဲ့အိမ်ငယ်လေးထဲ၌ရှိနေခဲ့သည်။"ဒေါက်...ဒေါက်...သားကြီး မင်းအိမ်ထဲမှာ
မဟုတ်လား...ငါတို့ဝင်လာပြီ"အ၀င်ဝတံခါးနှစ်ချပ်အား အားပါးပါးတွန်းဖွင့်
ရင်းဝင်လာသူများကတော့ ဤအိမ်၏အမှောင်ထဲ၌ကျင်လည်နေသူများလို စေလိုရာနေရာသို့
တန်းတန်းမတ်မတ်သာ ဦးတည်သွားနေလေသည်။"မနေ့က မင်းလက်လွန်သွားတယ်ဆို...."
အိမ်အပြင်မှဝင်လာသူနှစ်ယောက်ထဲမှ အနက်
ရောင်ဝိုင်းဝန်းဝန်းဦးထုပ်ကို ခပ်ငိုက်ငိုက်စောင်းထားသော ထိုလူကတိုးဖွဖွမေးမြန်လေသည်။"မင်း ပွဲကြီးပွဲကောင်းတစ်ခုလွတ်သွားတာ သိပ်
နာတာပဲ...ကျစ်"ကျန်တစ်ယောက်က လက်ထဲမှမီးချစ်ကိုတစ်
ထောက်ထောက်ခြစ်ရင်း မီးစာရှာရင်းစကား
ထောက်လေသည်။"ချီးပဲ ငါ့ကောင် မင်း လင်းနို့လားပြော..
ဘယ်နှစ်ခါပြောပြောမရဘူး...အမှောင်ထဲ
မနေစမ်းပါနဲ့ဆိုကွာ...."အနီးရှိခုံအ၀ိုင်းပေါ်မှ ဖယောင်းတိုင်တိုတိုကို
မီးညှိပြီးနောက် ယခုထိတိုင် ငြိမ်သက်၍ကောင်းနေစဲ သကောင့်သားအား ကုတ်ပိုးမှ ခပ်စက်စက် ရိုက်ချလိုက်လေသည်။"မင်း သွေးမရှိဘူးလား..."
ပထမဆုံးထွက်လာသော ကြောင်တောင်တောင် နိုင်လှသည့်စကားကြောင့် ကျန်နှစ်ယောက်
အကြည့်ဆုံမိကြလေသည်။
YOU ARE READING
🍃ရွက်ကြွေ🍃🍃ရှကျကွှေ🍃(completed)
RomanceZawgi+Unicode "သစ်ရွက်တွေ မြေမှာခ အလွမ်းတွေနဲ့အကြွေရွက် လေနှာရာ သူပျော်ပါး ဖမ်းဆုတ်ခွင့်တောင် ကျွန်တော့်အား မပေးခဲ့ပါ" Non-Kpop Fiction With own chapter❤ "သစ်ရွက်တွေ မြေမှာခ အလွမ်းတွေနဲ့အကြွေရွက် လေနှင်ရာ သူပျော်ပါး ဖမ်းဆုတ်ခွင...