{၂၄}

1.8K 124 1
                                    

Zawgi....

"ငယ့်​ကိုမဟုတ်​​ရင်​​တောင်​...ငယ့်​​မေ​မေကို
နဲနဲ​လေး​တော့ အားနာသင့်​တယ်​မဟုတ်​ဘူး
လား...ဦးထွဠ်​​ခေါင်​လင်း...."

စာကြည့်​စားပွဲ​ဘေးတွင်​ ​ကျော​ပေးကာထိုင်
နေ​သော ​ဦးထွဠ်​​ခေါင်​လင်းသည်​ ငြိမ်​သက်
လျက်​ပင်​ရှိ​နေသည်​....။

"ခင်​ဗျား အားမနာ​ပေမဲ့ ကျွန်​​တော်​အား
နာတယ်​....ပုံစံတူအမှား​တွေပဲ ထပ်​ခါကျူး
လွန်​ရတာ ခင်​ဗျားကသိပ်​ကြိုက်​ပုံပဲ...."

"​ဖေ​ဖေမှ မင်း​မေ​မေ​လေးကိုမချစ်​ခဲ့တာ
...ပြီး​တော့သူက"

"ဘာလည်း...​ဖေ​ဖေအလိုမတူပဲမင်္ဂလာ
ပွဲမဖြစ်​ဖြစ်​​အောင်​စီစဉ်​ခဲ့တာပါ သားရယ်
လို့ ​သေသူ သိက္ခာကိုချအုန်းမလို့လား...
မေ​မေ​လေးကိုမချစ်​ခဲ့ဘူးဆိုရင်​​တောင်
...ငယ်​က​ရော ငယ့်​မှာဘာအပြစ်​ရှိလို့လဲ..
ငယ်​ကခင်​ဗျားရဲ့သားအရင်း​လေ....."

"ဟဟ....သား​တောင်​​ဖေ​ဖေလို့မ​ခေါ်
တော့တာ အ​တော်​ကြာပြီပဲ​နော်​....​ဖေ​ဖေ
မ​သေခင်​​လေး​တော့ သားဆီက​ဖေ​ဖေလို့
ခေါ်သံကို​နောက်​တစ်​ခါ​လောက်​ကြားချင်
သေးတယ်​...."

သူ့မျက်​၀န်းများကိုစိုက်​ကြည့်​လျက်​​ပြော
လာ​သော ခပ်​နွမ်းနွမ်းမျက်​နှာနှင့်​​တောင်း
ဆို​နေ​သော စကားများ​ကြောင့်​ သူ့ရင်​ဘက်
က နာကျင်​ရ​လေသည်​။

ကျွန်​​တော့်​ကို လူဆိုးဖြစ်​​အောင်​ ​ဖေ​ဖေပဲ
လုပ်​ခဲ့တာ​ ​လေဗျာ။

"အခုလည်းငယ်​ အိမ်​ပြန်​မအိပ်​တာ ကြာပြီ
မဟုတ်​လား....က​လေး​တစ်​ခုခုဖြစ်
နေတာမဟုတ်​ဘူးလား....ခင်​ဗျားဗျာငယ့်
ကိုနဲနဲ​တော့ ငဲ့ကြည့်​သင့်​ပါတယ်​...ငယ်​ဘာ
တွေများမှား​နေလို့လဲ...ငယ်​ခင်​ဗျားအ​ပေါ်
ဘာအမှား​တွေများကျူးလွန်​ခဲ့လို့လဲ.."

"​တော်​​တော့...ပိုင်​စံလင်း...ငါကမင်း
အ​ဖေအရင်းပါ ဂရုစိုက်​စရာရှိငါ့ကိုပဲဂရု
စိုက်​ရမှာ...ဘာမဟုတ်​တဲ့...ဖ​အေတူ၊
အ​မေကွဲညီကိုဂရုစိုက်​ရမှာမဟုတ်​ဘူး...
နောက်​ပြီး...ငါ့သားဆိုတာ​တောင်​​သေချာ
ရဲ့လား မသိတဲ့"

🍃ရွက်​​ကြွေ🍃🍃ရွက်ကြွေ🍃(completed)Where stories live. Discover now