Zawgi...
"ဟူး....အခုမှပဲနားရတော့တယ်..."
ရတု ဂျူတီကုတ်လေးကိုချွတ်ပြီး stand
ပေါ်တင်ကာ...ငြီးငြူလိုက်သည်.....
နေ့ညမနားတမ်းပြေးလွှားထားရသည်မို့
...ခပ်နွမ်းနွမ်းမျက်နှာထက်အပြုံးတို့ပျောက်
ဆုံးနေခဲ့သည်မှာကြာလေပြီ....ဒီနေ့တော့ဖြင့်....ကျန်အလုပ်များကို
တစ်ဦးတည်းသော စိတ်ချထားရသည့်
ဆရာဝန်လေး မြတ်မင်းထံအစစအရာ
ရာ လွှဲကာ...သူအိမ်ပြန်နားမည်ဖြစ်
သည်....မနားလို့လည်းမရတော့..မျက်တွင်းများ
အကွတ်လိုက်ညိုလျက်..ခပ်ယဲ့ယဲ့သာကျန်
တော့သော သူ့ကို..အခြားဆရာဝန်များ
ကပင်....အတင်းအကျပ်နားခိုင်နေကြလေ
ပြီ....ထို့ကြောင့် ဒီညတော့ဖြင့်ပြန်နား
ကာ မနက်ဖြန် နေ့လည်လောက်မှပြန်
လာရန်သူဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်.....အမှန်ဆို....မေမေသာလုပ်ခိုင်းရင် သူ
သည် ဆေးရုံအုပ်ပင်ဖြစ်နေလေပြီ....
မိမိက အရေးကြီးဆုံးကိစ္စများမှသာ...
လုပ်ကိုင်ရမည်ဖြစ်ပြီး...ယခုသူလုပ်နေ
သလို အသေးစားကုသမှုလေးများကို..
လိုက်လုပ်နေစရာတောင်မလိုပေ...သို့
ပေမဲ့...အဲ့ဒီလိုအေးဆေးနေချင်လို့...
သူဆရာဝန်လုပ်ခဲ့သည်မှမဟုတ်ပဲ.....
ဘာပဲဖြစ်ဖြစ် အပြေးအလွှား ဆေးကုနေ
ရသည်ကိုပဲ သူကကျေနပ်နေသူပဲလေ.."ဟင်း...မိုးကလည်းသည်းလိုက်တာ"
ဆေးရုံအပေါက်ဝ၌ရပ်ကာ..သူမကျေ
မနပ်ရေရွတ်လိုက်သည်...မိုးရွာတာကြိုက်
ပေမဲ့လို့...ထီးယူရန်ပျင်းတက်သောသူ့
အတွက်..အစိုခံရုံသာရှိသည်မို့...အနက်
ရောင်လက်ကိုင်အိတ်လေးကိုရင်ဝယ်ပိုက်
လျက်...ခပ်လှမ်းလှမ်းက ကားစီ သူပြေးရ
တော့သည်......"ဟူး...တော်တော်တောင်စိုသွားတာပဲ"
ကားထဲဝင်ထိုင်လိုက်ပြီး...အိတ်လေးကို
အခြားခုံဘက်ပစ်တင်ကာ...ကားလေးကို
မောင်းထွက်လာခဲ့လိုက်သည်.....
YOU ARE READING
🍃ရွက်ကြွေ🍃🍃ရှကျကွှေ🍃(completed)
RomanceZawgi+Unicode "သစ်ရွက်တွေ မြေမှာခ အလွမ်းတွေနဲ့အကြွေရွက် လေနှာရာ သူပျော်ပါး ဖမ်းဆုတ်ခွင့်တောင် ကျွန်တော့်အား မပေးခဲ့ပါ" Non-Kpop Fiction With own chapter❤ "သစ်ရွက်တွေ မြေမှာခ အလွမ်းတွေနဲ့အကြွေရွက် လေနှင်ရာ သူပျော်ပါး ဖမ်းဆုတ်ခွင...