Zawgyi......
အိမ်အပြင်က အသဲအထန် ရွာသွန်းလို့နေသည့်
မိုးစက်များကို အိမ်ပေါက်ဝတွင် ခုံတစ်လုံးချကာ ဒူးနှစ်ဖက်ကို ပိုက်ရင်း အလင်းသန့် ငြိမ်သက်လို့ ထိုင်နေသည်.......။နောက်ဆုံး သူ့ရဲ့ အမှုအရာလေးက၊အဲ့ဒီဝမ်း
နည်းနေတဲ့ မျက်နှာလေးက၊ အားလုံးက ကိုယ့်ကြောင့်ဆိုတာ သိနေပေမဲ့လည်း အရမ်းချစ်ခဲ့လို့ဝေးသထက်ဝေးရာကို ပြေးထွက်ဖို့ ကြံစည်နေတုန်းပဲ.....။လင်းထိန်သွားသည့် ၀န်းကျင်နှင့် မရှေးမနှောင်းတွင် ကျယ်လောင်သော မြည်ဟီးသံက အလင်းသန့် အတွေးတို့ကို ၀င်ရောက် စွတ်ဖတ်ခွင့်မရခဲ့......။
အချိန်တွေကြာရင် ကုစားသွားနိုင်မှာဆိုတဲ့ အဲ့စကားက လောကကြီးမှာ တစ်ကယ်မရှိဘူး...။
ပဟေဠိ ဆန်တဲ့ မျှော်လင့်ခြင်းက လွတ်မြောက်ခွင့်ရချင်တယ်၊ကျွန်တော်တစ်ယောက်ထဲအကို့ ကို ဆက်တိုက်ငေးကြည့်နေပြီးလည်း မျှော်နေချင်သေးတယ်....။အမည်းရောင်တိမ်လိတ်တို့ စိုးမိုးနေသည့် ကောင်းကင်ရံသည် ညို့မှိုင်းကာ ၀မ်းနည်းစေသည်.....။
"ဟိုးရှေးရှေးတုန်းကနဲ့ စတဲ့ ပုံပြင်တွေ အားလုံးမှာ အဆုံးသတ်ရှိတာ အကိုသိလား......"
တစ်ချိန်လုံး အလင်းသန့်ကို တိတ်တဆိတ် ထိုင်ကြည့်လို့နေတဲ့ စေတန်က အလင်းသန့်အနားရောက်လာကာ အလင်းသန့်ကြားရယုံ
ပြောသည်.....။စေတန်ပြောသည်အား အလင်းသန့် နားမလည်ပါ......။
"နတ်သမီးပုံပြင်တွေက happy ending အမြဲ
ရှိတယ်....."အဟွတ် အဟွတ်.....
ချောင်းသံထွက်လာတဲ့ အလင်းသန့်ရဲ့ ကျောကုန်းကို ခပ်ဖွဖွ ပွတ်ပေးရင်း ရေနွေးနွေးတစ်ခွက်လှမ်းပေးကာ စေတန်က ဆက်လက်ပြောဆိုသည်.....။
"အပြင်လောက က နတ်သမီးပုံပြင်တွေထက် ပိုလေးနက်တယ်.....ချစ်တိုင်းပေါင်းရမယ်ဆို
တာ ဟာသပျက်လုံးပဲ....အကိုသိလား ချစ်ရင်
ရှုံးရမယ်.....အဆုံးသတ်က မသေချာဘူး....."
YOU ARE READING
🍃ရွက်ကြွေ🍃🍃ရှကျကွှေ🍃(completed)
RomanceZawgi+Unicode "သစ်ရွက်တွေ မြေမှာခ အလွမ်းတွေနဲ့အကြွေရွက် လေနှာရာ သူပျော်ပါး ဖမ်းဆုတ်ခွင့်တောင် ကျွန်တော့်အား မပေးခဲ့ပါ" Non-Kpop Fiction With own chapter❤ "သစ်ရွက်တွေ မြေမှာခ အလွမ်းတွေနဲ့အကြွေရွက် လေနှင်ရာ သူပျော်ပါး ဖမ်းဆုတ်ခွင...