(၃၅)+(၁၀)

731 45 2
                                    

Zawgyi....

အားတင်းပြီး ပြေးလာပြီးသည့်နောက်တွင်
အလင်းသန့် နောက်ကျောအား မြင်တွေ့ လိုက်ရချိန်၌ လမင်းရိပ်ခြေလှမ်းတို့ ရပ်တန့်လိုက်သည်....။

" စေတန်လား....ဘာကျန်ခဲ့လို့လဲ"

လှည့်မလာပဲ စားပွဲခုံအောက်သာ ငုံရှာနေသည့် အလင်းသန့် အသံလေးဟာ ထွက်ပေါ်
လို့လာသည်....။
သူ့ရှေ့ရောက်တာနဲ့ အားတင်းထားသမျှဟာ
အရည်ပျော်ကုန်သည်....။

" ကလေး...."

အလင်းသန့် ကိုယ်လုံးလေးဟာ သိသာစွာ
တုန်လှုပ်သွားပြီးနောက် လုပ်လက်စတို့ ရပ်
တန့်ကာ လှည့်မကြည့်စတမ်း ငြိမ်သက်လို့
နေသည်....။

" ကျေးဇူးပြုပြီး ကိုယ့်အနားက ထပ်ပြီးထွက်မပြေးပါနဲ့တော့...."

" အားလုံးက ကလေးထင်နေသလိုမဟုတ်ဘူး ကိုယ်ရှင်းပြပါ့မယ်...."

" ကိုလမင်းရိပ် ခင်ဗျား ဘာပြောနေတာလည်း
ကျွန်တော် နားမလည်ဘူး...နောက်ပြီး ကျွန်တော် ခင်ဗျားကိုလည်း မတွေ့ချင်ဘူး..."

လမင်းရိပ် ဖြေးညှင်းစွာ အလင်းသန့် နောက်ကျော နားသို့ တိုးကပ်သွားလိုက်သည်....။

"ဆောင်းတွင်းမှာ အေးခဲပြီး၊ မိုးရာသီမှာ
မိုးညည်းထန် ပါစေအုန်း ကိုယ်ဒီအတိုင်း
မင်းအနားမှာ အခုအတိုင်း ခွင့်လွှတ်မှု
တောင်းခံနေအုန်းမှာပဲ..."

" အဲ့နေ့က ကော်ဖီဆိုင်မှာ တွေ့ခဲ့တဲ့ မိန်းကလေးက ကိုယ့်သူငယ်ချင်း
နောက်ပြီး လုပ်ဖော်ကိုင်ဖက်ပါ....
ရေဇီ က အနောက်တိုင်းသူမို့လို့ ဖက်
ပြီး နှုတ်ဆက်တာကို မင်းအထင်လွဲသွား
ခဲ့တာ ဖြစ်မှာပါ ကျေးဇူးပြုပြီး ကိုယ့်ကို
ယုံကြည်ပေးပါလား ကွာ ဟမ်...."

လမင်းရိပ်၏ ဖြေရှင်းချက် အရှည်ကြီးပြီး
နောက်တွင် အလင်းသန့် ကိုယ်လုံးလေး
သည် လမင်းရိပ် ရှိရာသို့ လှည့်လာသည်...။
မျက်လုံးသေတို့နှင့် တည်ငြိမ်လွန်းသည့်
အလင်းသန့် အမူအရာက လမင်းရိပ်အား
ထိပ်လန့်စေသည်... ။

"ကိုယ်ဘာလုပ်ပေးရမလဲ..ကလေးမကြိုက်တာပြောလေ ကိုယ်ပြင်ပါ့မယ်..ကိုယ့်ကို
အဲ့လိုကြီးတော့ ဥပေက္ခာ ပြုမထားပါနဲ့ကွာ
ကိုယ်တစ်ကယ်မခံစားနိုင်လို့ပါ၊ ကိုယ် ရဲလုပ်
တာကို မကြိုက်လို့လား ဒါဆို ကိုယ်ထွက်လိုက်မယ်လေ ဟမ်...မင်းပြောလေ ကလေးရာ မင်းတစ်ခုခုပြောမှ ကိုယ် ပြင်လို့ရမှာလေ
ကွာ...."

🍃ရွက်​​ကြွေ🍃🍃ရွက်ကြွေ🍃(completed)Where stories live. Discover now